ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ -ဖြိုးသူဝင်း
Chapter- 13
ဝမ်ဒွန်ဟိုင်သည် စိတ်ရှုပ်သွားခဲ့၏။ထိုအခြေအနေသည် သူအတတ်နိုင်ဆုံးအရာပင်ဖြစ်သော်လည်း မည်သူက လုအန်၏ အဆိပ်များ ပြေပျောက်မသွားဘဲ ကျန်ရှိနေလိမ့်မည်ဟု ထင်ခဲ့မည်နည်း။ထို့ပြင် အဆိပ်က ပို၍ ပြင်းထန်လာခဲ့ပုံပေါ်သည်။
လုအန်ကြမ်းပြင်တွင်ပြင်းထန်သော နာကျင်မှုကြောင့် လူးလှိမ့်နေသော်လည်း မည်သူတစ်ဦးတစ်ယောက်မှ ကူညီဖေးမခြင်းမပြုကြချေ။
"အယ်!!!ဂေဟာသခင်ဝမ်...ကြည့်ရတာ ဂေဟာသခင်ရဲ့ အတုအယောင်လက်ချောင်း ပညာရပ်နဲ့ အဆိပ်ဖြေဆေးလုံးက အကျိုးသက်ရောက်မှု မရှိသလိုပဲ.....ဒါ့ပြင် ရောင်းရင်းရဲ့ အခြေအနေကို ပိုမိုဆိုးရွားစေတယ်....အဲ့ဒီ နာကျင်နေတဲ့ ပုံသဏ္ဍာန်ကို ကြည့်ပါဦး... ကျနော် မကြည့်ရက်ဘူးဗျာ....ဂေဟာသခင်ဝမ်မှာ သူ့ကိုကုသပေးနိုင်တဲ့ တစ်ခြားနည်းလမ်းမရှိတော့ဘူးလို့ မပြောပါနဲ့နော်.....ကြယ်တာရာယစ်မူးဂေဟာ က မြို့တော်မှာ နံပါတ် (1)ပဲလေ....."ယီယွမ်၏ အမေးစကားထွက်ပေါ်လာခဲ့၏။
ဝမ်ဒွန်ဟိုင် သူ၏ စိတ်ကိုမထိန်းနိုင်တော့ဘဲ ယီယွမ်ကို လက်ညှိုးထိုး၍ပြောလိုက်သည်။"ကလေကချေကောင်!!!မင်းသူ့ကို ဘာတွေကျွေးလိုက်တာလဲ???မင်းက ငါတို့ဂေဟာကို ဒုက္ခရောက်စေချင်တာလား??အောင်မြင်လိမ့်မယ် မထင်နဲ့ကွ!!!!"
ယီယွမ် အံအားသင့်သွားခဲ့ပြီး အထိတ်တလန့် ပြောဆိုခဲ့သည်။"ဂေဟာသခင် ဝမ်က ဘာလို့ဒီလိုပြောတာလဲ??ရှေးစကားတွေအရ လူ့အသက်တစ်ချောင်းကယ်တာက စေတီ ၇ ဆူ တည်တာထက် ပိုကုသိုလ်ရတယ်တဲ့.....အခု ဒီရောင်းရင်းက သေမလိုဖြစ်နေတာလေ....ကျနော်က ကုသပေးဖို့ တောင်းဆိုနေတာပါဗျ....ဒါဆို ကြယ်တာရာယစ်မူးဂေဟာ က မကုသပေးနိုင်လို့လား??ဒီရောင်းရင်းက ဘာအဆိပ်မိထားတာလေးကိုတော့ ခွဲခြားပြောပြပေးသင့်ပါတယ်....."
"မင်း!!!"သူ၏ နောက်ဆုံးအကြောင်းပြချက်အတွက်သာ မဟုတ်ခဲ့ပါက ဝမ်ဒွန်ဟိုင် ချင်ချင်း ဆောင့်ကြီးအောင်ကြီးဖြင့် လှည့်ထွက်သွားမည်ပင်။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...