Chapter 66

3.3K 434 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ -ဖြိုးသူဝင်း

Chapter 66

ပြည့်စုံလုနီးပါးဖြစ်နေသော ဆေးလုံး ဖော်မြူလာ တစ်ခုကို ဆေးစွမ်းများ ပိုမိုမြင့်မားစေရန် ပြင်ဆင်ရခြင်းသည် အလွန်ခက်ခဲသော အရာဖြစ်သည်။

ယီဟန်က အဆင့်နိမ့် မှော်ဆေးပညာရှင်ဂရန်းမာစတာ တစ်ယောက်ဖြစ်သော်လည်း ချီစွမ်းအင်ဆေးလုံး ၏ ဆေးစွမ်းများ တိုးတက်အောင် လုပ်ဆောင်နိုင်စွမ်းမရှိပေ။ထိုအရာကို ကြည့်၍ မည်မျှပင် စိန်ခေါ်မှုကြီးမားသည်ကို တွေ့ရှိနိုင်၏။

ချီစွမ်းအင်ဆေးလုံး ထက် အဆပေါင်းများစွာ ပို၍ ဆေးစွမ်းထက်မြက်သော ဆေးလုံးသစ်တစ်မျိုးကို ဖော်စပ်ရန်မှာ စိတ်ကူးယဉ်မှု တစ်ခုပင် ဖြစ်သည်။ ထိုသို့ မဟုတ်ပါက ကြယ်တာရာယစ်မူးဂေဟာ ၏ စွမ်းအင်စုစည်းဆေးလုံး က ယီဟန်ကို မည်သို့ ဖိအားပေးနိုင်မည်နည်း။

ယခု စိတ်ကူးယဉ်မှု က အမှန်တကယ် ဖြစ်လာပေပြီ။ ဟီဟန်၏ စိတ်ထဲတွင်တော့ တုန်လှုပ်နေခဲ့သည်။

ယီဟန်က မှော်ဆေးပညာလမ်းကို စတင်လျှောက်လှမ်းစဉ်ကတည်းက ချီစွမ်းအင်ဆေးလုံး ထက် အဆပေါင်းများစွာ ပို၍ ဆေးစွမ်းထက်မြက်သော အဆင့်(1)ဆေးလုံးအကြောင်း ဆယ်စုနှစ်များစွာကြာသည်အထိ တစ်ခါမှ မကြားဖူးခဲ့ပေ။

သို့သော် ယီယွမ် က ဤ ယွမ်ပြိုကွဲပေါက်ထွက်ဆေးလုံး က ထိုသို့အံ့အားသင့်လောက်သည့် စွမ်းရည်ရှိသည်ဟု ပြောကြားလိုက်၏။

ယီဟန်က ယခု ဝေခွဲမရဖြစ်နေခဲ့သည်။ တစ်ခြားသူများပြောသည်ဆိုပါက အလိမ်အညာ ဟုသာ သတ်မှတ်မည်ဖြစ်သော်လည်း ယခု ထိုစကားကို ပြောသည်မှာ သူ၏ သားဖြစ်ပေ၏။ထို့ကြောင့် ယုံရမည်လား မယုံရမည်လား ကို ဝေခွဲမရတော့ပေ။

အသက်ပြင်းပြင်းရှူ ရှိုက်လိုက်ပြီးနောက် ယီဟန်က ယီယွမ်ကို ကြည့်လိုက်ပြီး မေးမြန်းလိုက်သည်။”ယွမ်အာ...မင်း အဖေ့ကို ဟာသလုပ်နေတာ မဟုတ်ပါဘူးနော်…..”

သို့သော် ယီယွမ် က ပြုံးရုံသာ ပြုံးနေခဲ့ပြီး ပြန်လည်ဖြေကြားခဲ့၏။ “အဖေ...ဘာလို့ ကိုယ့်ဘာသာ စမ်းသပ်မကြည့်တာလဲ…..”

 ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Where stories live. Discover now