ပြိုင်ဘက်ကင်းဆေးနတ်ဘုရားဘာသာပြန်သူ-ဖြိုးသူဝင်း
Chapter - 6
"ဒါတွေကိုပြောနေရအောင် မင်းက ဘယ်လိုနလပိန်းတုန်းလဲ!...အရောင်ခုနှစ်သွယ်စီးဆင်းတိမ်စပါးအုံးမြွေဟုတ်လား??...အဲ့လိုမျိုးငါတစ်ခါမှ မကြားဖူးဘူး....မိစ္ဆာသားရဲမဟုတ်တဲ့ဟာကို လုပ်ကြံပြောဆိုနေတာ ငါတို့ယုံမယ်ထင်နေတာလား....."
ချင်မြောင်ကား ချင်နိုင်ငံတွင် အလွန်ကျော်ကြားသော မှော်ဆေးပညာရှင်တစ်ဦးဖြစ်သည့်အပြင် မိစ္ဆာသားရဲ များစွာကိုလဲ သုတေသနပြုပြီးဖြစ်သော်လည်း အရောင်ခုနှစ်သွယ်စီးဆင်းတိမ်စပါးအုံးမြွေဟူသောအရာကို ကြားဖူးခဲ့ခြင်းမရှိပေ။
"သခင်လေးယီ...မင်းက ငါနဲ့ မာစတာချင်ကို တင်စော်ကားနေတာမဟုတ်ဘူး.....မိစ္ဆာသားရဲ မုဆိုးတွေ အားလုံးကိုပါ စော်ကားလိုက်တာပဲ.....ငါတို့ မုဆိုးတွေ အကုန်လုံးက ဘဝတစ်လျှောက်လုံး မိစ္ဆာတွေနဲ့ တိုက်ခိုက်နေရတယ်.....ငါ မိစ္ဆာသားရဲမုဆိုးလုပ်နေတဲ့ သက်တမ်းအတွင်း အရောင်ခုနှစ်သွယ်စီးဆင်းတိမ်စပါးအုံးမြွေ ဆိုတာကို တစ်ခါမှ မကြားဖူးခဲ့ဘူး....."
ဒီအချိန်တွင်လူသန်ကြီးက ယီယွမ် ဒုက္ခရောက်တော့မည်ဟု သိလိုက်ပေသည်။ယီယွမ်ကား သူ၏ အသက်ကို ရန်ရှာနေပေသည်။ထို့ကြောင့် သူသည်လည်း ယဉ်ကျေးနေရန် မလိုအပ်တော့ပေ။အဲ့ဒီအစား သူက ယီယွမ်၏ မျက်နှာဖုံးကို ခွာချချင်ခဲ့ပေသည်။(ဖုံးကွယ်ထားသော စိတ်ဓာတ်ကိုဆိုလိုခြင်း)
ဆေးဂေဟာသို့ ရောက်လာသော လူအများစုမှာ မိစ္ဆာသားရဲ မုဆိုးများ ဖြစ်ကြပြီး လူသန်ကြီး၏ စကားများကို ကြားရပြီးနောက် အားလုံး ပွက်လောရိုက်ကုန်ကြ၏။
"ဟုတ်တယ်....အရောင်ခုနှစ်သွယ်စီးဆင်းတိမ်စပါးအုံးမြွေ ဆိုတာကို ဘယ်တုန်းကမှ မကြားဖူးခဲ့ဘူး...... "
"ဒီ ညံ့ဖျင်းတဲ့ ဒုတိယမျိုးဆက်က ဂရန်းမာစတာယီ ကို တကယ်အရှက်ရစေတာပဲ.....ဒါက ယီမိသားစုကို ကြယ်တာရာယစ်မူးဂေဟာအောက်နိမ့်ကျသွားစေပြီးတော့ သူတို့ရဲ့ မြင့်မြတ်မှုတွေဟာ ဒီကောင့်လက်ထက်မှာ အဆုံးသတ်သွားတော့မယ်.....အရောင်ခုနှစ်သွယ်စီးဆင်းတိမ်စပါးအုံးမြွေ တဲ့လား?.....ငါ အဆုံးမဲ့တောအုပ်ထဲမှာ ကျင်လည်လာခဲ့တာ နှစ် (၃၀)ကျော်ပြီ.....ဒါပေမယ့် အဲ့လို သားရဲမျိုး တစ်ခါမှ မကြားဖူးခဲ့ဘူး....."
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...