Chapter 86

2.9K 435 4
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ်(8)

Chapter-86

လျူအာက သူမ၏ လက်ကျန်ခွန်အားဖြင့် ရုန်းကန်ရန် ကြိုးစားနေသော်လည်း သူမ၏ ခွန်အားအနည်းငယ်မှာ အချည်းနှီးဖြစ်ပြီး အသုံးမဝင်ခဲ့ပေ။

လက်ရှိအချိန်တွင် သူမ၏ ကိုယ်တွင်းစွမ်းအင်မှာ ကုန်ဆုံးနေပြီဖြစ်၍ သူမကိုယ်သူမ အဆုံးသတ်ရန်ပင် လုပ်ဆိုင်နိုင်ခြင်းမရှိတော့ပေ။

လျူအာက တဖြည်းဖြည်း ကြောက်ရွံ့လာခဲ့ပြီး ရုန်းကန်ရန် ခွန်အားနည်းလာခဲ့၏။

အကယ်၍ သူမကသာ ထိုသူကြောင့် မစင်မကြယ်ဖြစ်ခဲ့ပါက သူမ သေချာပေါက် အဆုံးသတ်လိုက်မည် ဖြစ်သည်။

ဖြန်း…..

ကျန်းဟန် က လျူအာ၏ မျက်နှာကို ရိုက်ချလိုက်ပြီး ပြောကြားခဲ့၏။ “ ခွေးမလေး...မင်းက ဒီလိုအခြေအနေဖြစ်နေတာကို မလိုက်လျောသေးဘူးလား...မင်းက အရိုက်ခံချင်နေတာပဲ…..”

လျူအာ က ထိုရိုက်ချက်ကို ခံစားလိုက်ရပြီး သူမ၏ မျက်နှာတစ်ခြမ်းမှာ လက်ဝါးရာထင်ပြီး ရဲတွတ်သွားခဲ့၏။ သူမက ထိုနေရာတွင် ခံစားချက်ကင်းမဲ့စွာ ရပ်နေခဲ့ပြီး သူမ၏ ကံကြမ္မာကို ရင်ဆိုင်ရန်သာ ကြိုးစားလိုက်တော့သည်။

ထိုအခြေအနေကို မြင်၍ ကျန်းဟန်၏ မျက်နှာတွင်ယုတ်မာသော အပြုံးတစ်ခု ပေါ်ပေါက်လာခဲ့၏။ “ ကောင်းပြီ...အခု အားလုံး အဆင်ပြေသွားပြီ...မစိုးရိမ်ပါနဲ့...ဒီနေ့ပြီးရင် မင်းက ဒီ ဂိုဏ်းတူအစ်ကိုကြီး အနားကနေ မခွာနိုင်တော့ဘူးဖြစ်သွားမှာပါ...ဟွင်းဟွင်း..”

ထိုသို့ပြောဆိုပြီးနောက် ကျန်းဟန် က ယုတ်မာတော့မည့် အပြုအမူကို ပြုလုပ်လိုက်သည်။

သို့သော် ထိုအချိန်တွင် ကျန်းဟန် ၏ ခန္ဓာကိုယ်က ချောက်ကမ်းပါး အစွန် တွင် ရပ်နေရသလို ခံစားလိုက်ရပြီး အန္တရာယ်အငွေ့အသက်တစ်ခုက သူ့ဆီသို့ ဦးတည်လာနေသည်ကို စိတ်ထဲမှ သိရှိလိုက်၏။

ကျန်းဟန် က ရုတ်တရက် အဝေးသို့ ခုန်ပြေးလိုက်၏။ ရေခဲမြား တစ်ချောင်းက သူ၏ မျက်နှာကို ရှပ်ထိသွားပြီး အဝေးသို့ ထွက်သွားခဲ့သည်။

 ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Where stories live. Discover now