ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
စာစဉ် ( ၁၄ )
Chapter-158
ဝုန်းးးး…..
ယီယွမ်ဆီမှ အဋ္ဌမအလွှာက စူးရီရှန်း၏ အလွယ်တကူ ဖယ်ရှားခြင်းခံလိုက်ရပေသည်။ရွှစ်…..
ယီယွမ်ဆီမှ နောက်တစ်ခုဖြစ်သော ယန်ပကတိလက်ချောင်းက စူးရီရှန်းဆီသို့ ပုံမှန်မဟုတ်သော အခြေအနေမျိုးဖြင့် ပြင်းထန်စွာ ဝင်ရောက်လာခဲ့ပြီး အလွန်ကြီးမားသော အင်အားပါဝင်လာခဲ့သော်လည်း စူးရီရှန်းက နောက်တစ်ကြိမ်ခုခံသွားခဲ့၏။
သို့ရာတွင် ယီယွမ်က စိတ်ညစ်ခြင်းမရှိပေ။ အမှန်တကယ်တွင်လည်း သူကတိုက်ခိုက်နေရ၍ ပိုမိုစိတ်လှုပ်ရှားလာခဲ့သည်။
သူက ခုခံကာကွယ်ရန် လုံးဝမလိုအပ်သည့်အတွက် သူသိထားသော သိုင်းကွက်များကို တစ်ကြိမ်ပြီးတစ်ကြိမ် ထုတ်ဖော်တိုက်ခိုက်နိုင်ခဲ့ပေ၏။
စူးရီရှန်းအတွက် ခြိမ်းခြောက်မှု မကြီးမားသော်လည်း ကြည့်ရသည်မှာ စူးရှရှန်းက အလွန်ဒေါသထွက်နေခဲ့ပုံရပေသည်။
ယီယွမ်၏တိုက်ခိုက်မှုက ပုံမှန် အဆင့်(9)ချီစွမ်းအင်နယ်ပယ် သိုင်းပညာရှင်တစ်ယောက် တိုက်ခိုက်သည့်တိုက်ခိုက်မှုမျိုး လုံးဝမဟုတ်ပေ။ အကယ်၍ သူ၏အစွမ်းအထက်ဆုံး ဝှက်ဖဲဖြစ်သည့် ဓားကိုးချောင်းဓားကွက် ကို အသုံးမပြုလျှင်ပင် သူ၏တိုက်ခိုက်မှုများက အဆင့်(2)စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ် သိုင်းပညာရှင်များကို အသက်နှင့်ကိုယ် အိုးစားကွဲသွားစေနိုင်၏။အကယ်၍ စူးရီရှန်းကသာ အဆင့်(4)စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ် အဆင့်ကို တက်ရောက်နိုင်ခဲ့ခြင်းမရှိပါက ထိုတိုက်ခိုက်မှုများဖြင့်ပင် သေလောက်အောင် မောပန်းသွားစေနိုင်သည်။
ထို့ပြင် စူးရီရှန်းက တိုက်ခိုက်မှုများကို ခုခံကာကွယ်နေရချိန်တွင် ယီယွမ်က အရူးအမူးတိုက်ခိုက်နေနိုင်ခဲ့သည်။ ဖယောင်းကဲ့သို့ပျော့ပျောင်းနူးညံ့သောအခြေအနေအောက်တွင် ယီယွမ်၏တိုက်ခိုက်မှုက ပို၍ ကြမ်းတမ်းခက်ထန်လာခဲ့၏။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...