Chapter 69

3.2K 462 1
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ -ဖြိုးသူဝင်း

Chapter 69

“ ကောင်းတယ်...ကောင်းတယ်...တူလေးက အခုလို ငယ်ငယ်ရွယ်ရွယ် နဲ့ အဆင့်မြင့်အဆင့် မှော်ဆေးပညာရှင်အလုပ်သင် တစ်ယောက်ဖြစ်လာအောင် လေ့ကျင့်ပေးနိုင်တဲ့ မိသားစုရှိတာပဲ...အစ်ကိုဝမ် က ထူးချွန်တဲ့ ဆက်ခံသူ တစ်ယောက်ရှိလာပြီပဲ...မျိုးဆက်သစ်တွေက လူဟောင်းတွေထက် ပိုထူးချွန်တာပဲ...ငါ တကယ် အိုမင်းနေပြီကိုး…..”

အကြီးအကဲဝမ် က တည်တည်ငြိမ်ငြိမ် ပြောဆိုလိုက်သည်။

“ အကြီးအကဲဝမ် က ကျွန်တော်တို့ လေးစားအတုယူရတဲ့ လူတစ်ယောက်ပဲလေ...ဘာလို့ အိုမင်းနေပြီ လို့ ပြောရတာလဲ...ဒီနေရာက ဆရာကြီးတွေ အကုန်လုံး က ကျွန်တော်တို့ ချင်နိုင်ငံရဲ့ မှော်ဆေးပညာရှင်လောကကို အထောက်အကူပြုနေကြတဲ့သူတွေဖြစ်တယ်...အကြီးအကဲဝမ်နဲ့ အကြီးအကဲစွန်း က ဦးဆောင်နေတဲ့သူတွေပဲလေ...ကျွန်တော်တို့ ဂျူနီယာလေးတွေက လိုက်မီဖို့ အဝေးကြီးလိုပါသေးတယ်ဗျာ…..” ဝမ်ယွမ်၏ မြှောက်ပင့်ပြောဆိုမှုက သိသာလှပေ၏။

“ ဟားဟား...ငါ တကယ် အိုနေပါပြီ...အတိတ်ကနဲ့မတူတော့ဘူးလေ...ဖိန်မိန်းကလေး လူအိုကြီးစွန်းနဲ့ငါက ဒီနေ့ ဂျူနီယာလေး နှစ်ယောက်ကို ခေါ်လာခဲ့တယ်...မိန်းကလေးတို့ ကျောင်းသားတွေကိုအနှောင့်အယှက်များ ဖြစ်သွားစေလား မသိဘူး…..” အကြီးအကဲဝမ်က ဖိန်လျှိုချင် ဆီသို့ လှည့်၍ ပြောလိုက်သည်။

ဖိန်လျှိုချင် က ခေါင်းကို အသာညိတ်လိုက်ပြီး ပြောခဲ့၏။ “ အကြီးအကဲတို့နှစ်ယောက်ရဲ့ တပည့်တွေ ထူးချွန်တာကို မျက်မြင်တွေ့လိုက်ရလို့ တောင်တစ်လုံးထက် အခြားတောင်တစ်လုံးက ပိုမြင့်တယ် ဆိုတဲ့ စကားပုံကို သူတို့နားလည်သွားတာပေါ့…”

“ အဲ့လိုမပြောပါနဲ့...ဪ ဒါက ငါ့ရဲ့ နောက်ဆုံးတပည့်လေး ရှီဖန်းအာ တဲ့...လူအိုကြီးစွန်းရဲ့ဘေးကတော့ သူ့ရဲ့ ဆက်ခံသူ ငါ့မြေးမလေး စွန်းကီယွန် ပဲ...ဒီဂျူနီယာလေးနှစ်ယောက်က မထူးချွန်လို့ ဖိန်မိန်းကလေး မရယ်ပါနဲ့နော်… မင်းတို့နှစ်ယောက် ဖိန်မိန်းကလေး ကို မနှုတ်ဆက်ကြသေးဘူးလား...သူမက မင်းတို့ထက် အသက်အနည်းသာကြီးပြီး အလယ်အလတ်အဆင့် မှော်ဆေးပညာရှင်မာစတာ တစ်ယောက်ဖြစ်နေပြီ...မင်းတို့နှစ်ယောက် သူမဆီက သင်ယူစရာတွေအများကြီးရှိသေးတယ်…..”

 ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Where stories live. Discover now