ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
စာစဉ်(8)
Chapter-88
“ မင်းဘာလို့ ဒီလိုလုပ်လိုက်တာလဲ...အကယ်ဒမီ ရဲ့ စည်းကမ်းတွေအရ ဆိုရင် ကျောင်းသားတွေကို သတ်တာက သေဒဏ်ပေးခံရမှာနော်…..”
ဖိန်လျှိုချင် က သက်ပြင်းတစ်ချက်ချ၍ ပြောဆိုလိုက်ပြီး ယီယွမ်၏ လမ်းကို ပိတ်ထားခဲ့သည်။
ယီယွမ်က ရပ်တန့်လိုက်ပြီးပြန်လည်ပြောဆိုလိုက်၏။
“ ဖိန်ဇီရိုသာ တစ်ယောက်ယောက် ကြောင့် ဒီလို အခြေအနေ ဖြစ်သွားမယ်ဆိုရင် ခင်ဗျား ဘာလုပ်မှာလဲ…..”".....”
ဖိန်လျှိုချင်က ပြောစရာစကားမရှိတော့ပေ။ အဖြေကား သိသာထင်ရှားလှသည်။
“ သေဒဏ်ပေးခံရတဲ့သူတွေက အရည်အချင်းမပြည့်ဝလို့မလား...သူတို့မှာ လုံလောက်တဲ့ နောက်ခံအသိုင်းအဝိုင်းနဲ့ ခွန်အားမြင့်မားနေရင် အကယ်ဒမီက သူတို့ကို မသတ်ဘဲ ကြီးလေးတဲ့ ပြစ်ဒဏ်ကိုပဲ ပေးလိမ့်မယ်လို့ ကျွန်တော်ထင်တယ်...ဟုတ်ရဲ့လား…..” ယီယွမ်က ပုံမှန်အတိုင်းပြောဆိုလိုက်၏။
ယီယွမ်၏ စကားများက မောက်မာသည်ဟု ထင်ရသော်လည်း သူပြောသည့်စကားများက သဘာဝကျပေသည်။
သူ၏ အတိတ်ဘဝတွင်ဖြစ်စေ ယခုဘဝတွင် ဖြစ်စေ ယီယွမ်က ကောင်းကင်အောက်ရှိ ဂျီးနီးယပ်များအကြားတွင် ထိပ်ဆုံး၌သာ တည်ရှိနေ၏။
နတ်ဘုရားနိုင်ငံတော်တွင် မှော်ဆေးပညာရှင်အင်ပါယာ အဆင့်သို့ ရောက်ရှိခဲ့သော သူက မည်မျှ အဆင့်မြင့်မားသော ဂျီးနီးယပ် တစ်ယောက်ဖြစ်ကြောင်း သိရှိနိုင်ပြီး သူ့ထက် အဆင့်မြင့်သော ဂျီးနီးယပ် ဟူ၍ မရှိနိုင်တော့ပေ။
ယခု သူက နောက်တစ်ကြိမ် အသက်ရှင်လာခဲ့ရာ မည်သည့်အတွက် သေးငယ်သော ချင်နိုင်ငံတွင် အဆုံးသတ်ရမည်နည်း။
ဖိန်လျှိုချင်က အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့ပြီး ခေါင်းညိတ်လိုက်သည်။
“ မင်းပြောသလိုပဲ...တကယ်တော့ အကယ်ဒမီက သေဒဏ်မပေးဘဲ အပြစ်ဒဏ်ကြီးကြီးမားမား ပေးခံရတဲ့ လူအနည်းငယ်ရှိခဲ့ဖူးတယ်...လွန်ခဲ့တဲ့ ငါးနှစ်က အကယ်ဒမီမှာ အလွန်အံ့အားသင့်စရာကောင်းတဲ့ လူတစ်ယောက်ပေါ်လာခဲ့ဖူးတယ်...သူ့ညီကို တစ်စုံတစ်ယောက်က နှိပ်စက်ခဲ့လို့ ဒေါသအလျောက်ပြန်ပြီး လက်စားချေ သတ်ဖြတ်ခဲ့တာ...ရလဒ်ကတော့ အကယ်ဒမီ က အပြစ်ပေးတဲ့အနေနဲ့ ပြင်းပြင်းထန်ထန်ဒဏ်ပေးခဲ့တာပဲ…..”
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...