ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ -ဖြိုးသူဝင်း
Chapter 59
“ငါ ဘာတွေမြင်နေရတာလဲ…..ကမ္ဘာကြီးရေ...ဆရာမဖိန်နဲ့ ယီယွမ်ကြားထဲမှာ ဘာတွေဖြစ်နေတာလဲ…..”
“ဟုတ်တယ်…..သူတို့ပြောနေတာတွေက မရိုးသားဘူး…တစ်ခုခု ထူးဆန်းနေတာကို သိပေမယ့် ဘာထူးခြားနေလဲ ဆိုတာ ငါလဲ သေချာမသိဘူး…..”
“ဘုရားရေ...ငါ့ရဲ့ နတ်ဘုရားမလေးကို ယီယွမ်တစ်ခုခု လုပ်ရဲရင် ငါသူ့ကို အသေသတ်မယ်…..”
“ဟုတ်တယ်...ဘာဖြစ်တာလဲဆိုတာ သိအောင်လုပ်ရမယ်...ယီယွမ်က ငါတို့နတ်ဘုရားမလေးကို တစ်ခုခုလုပ်ခဲ့တာဆိုရင် သူ့ကို ငါတို့ အပြစ်ပေးရမယ်…..”
ယီယွမ်နှင့် ဖိန်လျှိုချင် သာ သူတို့၏ စကားကို ကိုယ်တိုင်နားလည်ကြပြီး အခြားလူများက နားလည်ကြခြင်းမရှိပေ။
ထိုအခြေအနေတွင် “လျှိုချင်ကို ကာကွယ်ပေးလိုသူများ”ဟူသော အဖွဲ့ ပေါ်ပေါက်လာခဲ့၏။
အဖွဲ့တွင် အခြေခံ လုပ်ငန်း နှစ်ရပ်ရှိသည်။ပထမတစ်ခုမှာ ယီယွမ်နှင့် ဖိန်လျှိုချင်ကြား မည်သည့်အရာဖြစ်ပွားသည်ကို သိအောင်လုပ်ရန်ဖြစ်သည်။
ဒုတိယတစ်ခုမှာ ပထမဖြစ်ရပ်အပေါ်တွင်မူတည်၏။ယီယွမ်က သူတို့၏ နတ်ဘုရားမလေးကို အမှန်တကယ် တစ်ခုခု လုပ်ခဲ့သည်ဆိုပါက ယီယွမ်ကို သူတို့က သေလုမျောပါးဖြစ်အောင် ရိုက်နှက်ကြပေမည်။ထို့နောက် သူ၏ ကျန်ရှိနေသေးသော ဘဝတစ်လျှောက်လုံး နောင်တရနေစေရန် သူ့အား တွေ့သည်နှင့် ရိုက်နှက်ကြပေမည်။
ယီယွမ်က မည်မျှပင် စွမ်းအားကြီးနေကာမူ ယခုမှ မြေကမ္ဘာအဆင့် ကျောင်းသား ဖြစ်လာခဲ့ခြင်းပင်။သူ့ထက်ခွန်အားပိုကြီးသော မြေကမ္ဘာအဆင့် ကျောင်းသား အများကြီး ကို လုံးဝရင်ဆိုင်နိုင်မည်မဟုတ်ပေ။
ထိုနေ့က ဆေးပညာသီအိုရီ အတန်းချိန်တက်ရောက်ခဲ့သော သူအများအပြား ပါဝင်နေသော်လည်း ဆရာမဖိန်က ယီယွမ်ကို လက်ထောက်လုပ်မည်လားဟုသာ မေးမြန်းခဲ့သည်။
ထို့ပြင် ဆရာမဖိန်၏ လက်ထောက်အလုပ်သည် အံ့သြစရာကောင်းသော အရာဖြစ်ပြီး ထိုအရာကို မည်သည့်အတွက်ကြောင့် အများရှေ့သို့ ထုတ်ဖော်မပြသခဲ့သနည်း။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...