Chapter 108

3.1K 363 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ်(10)

Chapter-108

ဒေါက်...ဒေါက်...ဒေါက်

ယီယွမ်က အတွေးထဲတွင် နစ်မျောနေချိန်တွင် အပြင်ဘက်မှ တံခါးခေါက်သံတစ်ခု ပေါ်ပေါက်လာခဲ့သည်။

“သားအထဲမှာရှိလား...ယွန်အာ…..”

ထိုထူးဆန်း၍ ရင်းနှီးနေသော အသံတစ်ခုက တံခါးအပြင်ဘက်မှ ထွက်ပေါ်လာခဲ့၏။သူက အရိုးပြာဖြစ်သွားလျှင်ပင် ထိုအသံကို ယီယွမ်ဘယ်တော့မှ မေ့မည်မဟုတ်ပေ။အဘယ်ကြောင့်ဆိုသော် ထိုအသံက သူ၏ ဖခင် ဂျိကျန်းယန် ၏ အသံဖြစ်နေသောကြောင့်ဖြစ်၏။

ကျန်းယန်ဇီနှင့် ချင်ယွန်ဇီ (Eng Translator  က ဒီနေရာကစပြီး နာမည်ပြောင်းရေးသွားပါတယ်) ဆိုသည်မှာ အပြင်လောက က သူတို့အား ရည်ညွှန်းသည့် တာအိုနာမည်များ ဖြစ်ကြသည်။ချင်ယွန်ဇီနှင့် သူ၏ ဖခင် တို့၏ မျိုးရိုးနာမည်အမှန်မှာ ဂျိ ဖြစ်ပေသည်။

နတ်ဘုရားနိုင်ငံတော်တွင် မှော်ဆေးပညာရှင်အင်ပါယာ အဖြစ်သို့ ရောက်ရှိသွားသော မှော်ဆေးပညာရှင်တိုင်းကို ရိုသေလေးစားစွာဖြင့် “ဇီ” ဟူသော နာမည်ကို သုံး၍ ခေါ်ဝေါ်လေ့ရှိကြသည်။ မှော်ဆေးပညာရှင်အင်ပါယာတစ်ယောက်ကို နာမည်တိုက်ရိုက်ခေါ်ဝေါ်ခြင်းက အလွန် ရိုင်းစိုင်းသော အပြုအမူဖြစ်ပြီး မှော်ဆေးပညာရှင်အင်ပါယာ၏ အမျက်ထွက်ခြင်းကို လည်း ခံရပေမည်။

မှော်ဆေးပညာရှင်အင်ပါယာတစ်ယောက် ၏ ကျယ်ပြန့်ကြီးမားသော သတင်းကွန်ရက်က သာမန်လူတစ်ယောက် တွေးကြည့်၍ပင် မရနိုင်ပေ။

သူက ပုံရိပ်ယောင်ကမ္ဘာ ထဲတွင် ရှိနေကြောင်း အသေအချာ သိနေသော်လည်း ထိုအသံကိုကြားသော် ထိန်းချုပ်၍ မရအောင် တုန်လှုပ်သွားခဲ့၏။

မန္တန် တစ်ခုကို ရေရွတ်လိုက်ရာ ဆေးဖော်စပ်ခြင်းအခန်း ၏ တံခါးက အလိုအလျောက်ပွင့်သွားခဲ့ပြီး ဂျိကျန်းယန် ၏ ပုံရိပ် ပေါ်ပေါက်လာခဲ့သည်။

ထိုရင်းနှီးသောပုံရိပ်ကို နောက်တစ်ကြိမ် မြင်လိုက်ရသော် ယီယွမ်၏ မျက်လုံးများက ချက်ချင်းစိုစွတ်လာ၏။

 ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Where stories live. Discover now