Chapter 25

4.5K 557 5
                                    


ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ -ဖြိုးသူဝင်း

Chapter 25

"ဟဟဟ!!!ဒီလိုလုပ်စရာမလိုပါဘူး ညီလေးထန်.... ကျင့်စဉ်ကျင့်ဖို့ကောင်းမွန်တဲ့ ဆေးလုံးတေ အကို့ဆီမှာ ကျန်သေးတယ်...ညီလေးကို ပေးခဲ့မယ်နော်...အန်ကယ်ထန်ရဲ့ ဒဏ်ရာတွေက စိတ်ပူစရာမလိုတော့ဘူး....မနက်ဖြန် ညီလေးထန်က အကိုနဲ့ အတူတူ ဒန်ဝူအကယ်ဒမီကို ပြန်ကြမလား???"

"ကောင်းပြီ....အဖေလေ့ကျင်နေတာကထွက်လာပြီး စိုးရိမ်စရာမရှိတော့ဘူးဆိုရင် ကျနော် မနက်ဖြန်အကိုနဲ့ အတူတူပြန်မယ်....."

"အင်း....ညီလေးထန်ကို အကိုပေးမယ့်ဆေးလုံးတွေကို သေချာသိမ်းဖို့လိုတယ်နော်....တစ်ခြားသူတွေ အဲ့ဒါကို မသိစေနဲ့နော်....."

"ယီယွမ်ပြောသည်ကို ကြား၍ ထန်ယုက ထိုဆေးလုံးများသည် ပေါ့ပေါ့တန်တန်မဟုတ်ကြောင်း သိခဲ့၏။ထို့ကြောင့် သူက တည်ကြည်စွာပြောဆိုလိုက်သည်။
"မစိုးရိမ်ပါနဲ့...အကိုယီ...ထန်ယုက ဒီဟာကို ဘယ်သူမှမသိအောင် နှုတ်လုံပါ့မယ်...."

"ယွမ်ပြိုကွဲပေါက်ထွက်ဆေးလုံး"သည် နတ်ဘုရားနိုင်ငံတော် တွင် အဖိုးမတန်သော်လည်း ချင်နိုင်ငံတွင်မူ အလွန်တန်ဖိုးကြီးမားပေရာ ထန်ယုကို သူ၏ ဆေးလုံးလက်ဝယ်ရှိမှုကြောင့် ဒုက္ခရောက်စေရန် ယီယွမ် ရည်ရွယ်ချက် မရှိခဲ့ပေ။

မြို့တော်တွင် လူအများအပြား ဥဒဟို သွားလာနေကြသည်။သူတို့သည် မြို့ထဲသို့ (3)ယောက်တစ်အုပ်စု သို့မဟုတ် (5)ယောက်တစ်အုပ်စု ဖွဲ့၍ မကြာခဏ ဝင်လာကြ၏။လမ်းဘေးတစ်နေရာတွင် ယီဟန်နှင့် သူ၏ ဇနီးသည် ယီယွမ်ကို လိုက်ပို့နေကြ၏။

"ယွမ်အာ....နေ့တစ်ဝက်ခရီးနှင်လာခဲ့တာတောင် အဖေ့စိတ်ထဲ စိုးရိမ်နေတုန်းပဲ...ဝမ်ဒွန်ဟိုင်ရဲ့ စိတ်နဲ့ဆိုရင် ဒီအရှက်ရမှုကို ဘယ်လိုမှ ငြိမ်ခံနေမှာမဟုတ်ဘူး....ငါခန့်မှန်းတာမှန်ရင် သူက နောက်ကွယ် ကနေ တစ်ခုခုကို စီမံပြီးလောက်ပြီ....အားပင်း နဲ့ အားချင်း က ငါ့ကိုယ်ရံတော်တွေဖြစ်တာကြာလှပြီ....သူတို့ကို လမ်းတစ်လျှောက်လုံး မင်းကို ကာကွယ်ဖို့ ထည့်လိုက်ရင် ကောင်းမလား???"ယီဟန်က သူ့သားကိုကာကွယ်ရန် အတတ်နိုင်ဆုံး ကြိုးစားနေခဲ့သည်။

 ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Where stories live. Discover now