Chapter 146

2.1K 230 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( 13 )

အခန်း ၁၄၆

“မဖြစ်နိုင်ဘူး...ဒါက...ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...အာရုံထွေပြားမှုတစ်ခုလား…..”

ဖိန်ဇီရိုက တကယ်မရှိသော အသံတစ်ခုကို သူမကြားခဲ့သည်ဟုသာ ခံစားခဲ့ရ၏။ ထိုအရာက အာရုံထွေပြားမှု တစ်ခုသာ ဖြစ်ရပေမည်။ အဘယ်ကြောင့်ဆိုသော် ယီယွမ်၏ အသက်ရှင်သန်နိုင်ရန် အခွင့်အရေးက မရှိသလောက် ဖြစ်နေခြင်းကြောင့် ဖြစ်သည်။

“ဒါပေမဲ့ တကယ်လို့ ဒါက အာရုံထွေပြားမှု တစ်ခုဆိုရင် ဘာလို့အသံက တဖြည်းဖြည်း ကျယ်လာရတာလဲ...ဖြစ်နိုင်တာက...ဖြစ်နိုင်တာက…..”

ဖိန်ဇီရိုက လုံးဝ အံ့အားသင့်နေချိန်တွင် နက်မှောင်နေသော ကျောက်နံရံမှ ပုံရိပ်တစ်ခု ပေါ်လာခဲ့၏။

ထိုပုံရိပ်ကို မြင်သော် ဖိန်ဇီရိုက မှင်တက်သွားခဲ့ပြီး သူမ၏ မျက်ဝန်းအိမ်မှ မျက်ရည်များက ပိုးပိုးပေါက်ပေါက် ကျဆင်းလာခဲ့သည်။

“ကောင်းတယ်...ကောင်းတယ်...သူက အခြေအနေကောင်းတယ်...သူက တကယ်ပဲ အခြေအနေကောင်းနေတယ်…..” ဖိန်ဇီရိုက သူမ၏ စိတ်ထဲ၌ အားရပါးရ အော်ဟစ်လိုက်၏။

“ဂိုဏ်းတူအစ်မဖိန်...ကျွန်တော်…..”

ယီယွမ်က သူ့အား အပြာနုရောင်ပုံရိပ်လေးက ခုန်အုပ်ပြီး အားရပါးရ ပွေ့ဖက်ထားသည်ကို မခံရမီ စကားအနည်းငယ်ကိုသာ ပြောလိုက်နိုင်ခဲ့သည်။

သင်းပျံ့သော ကိုယ်သင်းနံ့လေးက သူ၏ နှာခေါင်းဝကို ကျီစယ်သွားခဲ့ပြီး ယီယွမ်၏ စိတ်ကို လှုပ်ခါသွားခဲ့၏။

“ယီယွမ်...နင်တကယ်ပဲ အခြေအနေကောင်းတယ်နော်...ပျော်လိုက်တာ...ဒီဟာက တကယ်ကို ပျော်စရာကောင်းတယ်…..” ဖိန်ဇီရိုက လျှို့ဝှက် အသံပို့ဆောင်နည်း ဖြင့် ပြောလိုက်ပြီး သူမ၏ မျက်ရည်များကလည်း အလျှိုလျှို ကျဆင်းလာခဲ့သည်။

အလှပဂေးလေးတစ်ဦးက ပွေ့ဖက်ခြင်းခံရသည့် ဤခံစားချက်မျိုးက ယောက်ျားတိုင်း လိုချင်တောင့်တနေကြသော စိတ်ကူးယဉ်အိပ်မက်တစ်ခု ဖြစ်၏။

 ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Where stories live. Discover now