ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
စာစဉ် ( ၁၆ )
Chapter-182
ယီယွမ်၏ သတိပေးချက်ကို မကြားခဲ့လျှင်ပင် ဖန်းယွဲ့ချိန်က ဤအခွင့်အရေးကို လက်လွတ်ဆုံးရှုံးစေနိုင်ခြင်းမရှိခဲ့ပေ။
ယခုအချိန်၌ ယီယွမ်နှင့် ကြီးမြတ်သောစန္ဒကူးကြာပန်းမီးလျှံ၏ မူလသဘာဝမီးလျှံတို့က တိုက်ပွဲဆင်နွှဲနေကြပြီဖြစ်၍ ဖန်းယွဲ့ချိန်က နောက်ဆုံးတွင် စတင်လှုပ်ရှားလာခဲ့ပြီ ဖြစ်သည်။
သူက သန့်စင်သောစန္ဒကူးမီးလျှံကြာပန်း၏ အဓိကခန္ဓာကိုယ်တည်ရှိရာနယ်မြေသို့ အလျင်အမြန် ပြေးဝင်သွားခဲ့ပြီး သဘာဝစွမ်းအင် အစုအဝေးကြီးကို အသုံးချကာ မီးလျှံကြာပန်းကို ချည်နှောင်ရန် လက်နှစ်ဖက်ဖြင့် စည်းအထပ်ထပ်ချလိုက်ပေ၏။
သန့်စင်သောစန္ဒကူးမီးလျှံကြာပန်းက တစ်စုံတစ်ရာ ဆိုးဝါးနေပြီကို ခံစားလိုက်ရ၍ သူ၏မူလသဘာဝမီးလျှံကို စွမ်းအားပြည့်ထုတ်သုံး၍ ဆုတ်ခွာရန်အတတ်နိုင်ဆုံး ကြိုးစားလိုက်သည်။ သို့သော် မူလသဘာဝမီးလျှံမှာ လက်ရှိအချိန်၌ ယီယွမ်၏ ချောင်ပိတ်တားဆီးထားခြင်းခံနေရပေရာ သန့်စင်သောစန္ဒကူးမီးလျှံကြာပန်းက မည်သို့ခေါ်ဆိုစေကာမူ ပြန်လည်ဆုတ်ခွာလာနိုင်ခြင်း မရှိခဲ့ပေ။
သဘာဝစွမ်းအင် အစုအဝေးကြီးက သန့်စင်သောစန္ဒကူးမီးလျှံကြာပန်း၏ အဓိကခန္ဓာကိုယ်အပေါ်တွင် ရောက်ရှိသွားခဲ့၏။ မီးလျှံကြာပန်းက မရပ်မနား တွန့်လိမ်နေခဲ့သည်။ ထိုအရာက အမှန်တကယ်ပင် အချုပ်အနှောင်အတားအဆီးမှ လွတ်မြောက်ရန် ကြိုးစားနေခြင်းဖြစ်ပေ၏။
“ဟားဟားဟား… ကြည့်ရတာ ငါ,ဖန်းယွဲ့ချိန်က အဆင့်(4)သဘာဝမီးလျှံတစ်ခုကို အမှန်တကယ် သိမ်းသွင်းနိုင်တော့မယ်ထင်တယ်… ကောင်းကင်ဘုံက သူ့ရဲ့မျက်လုံးတွေကို တကယ်ပဲ ဖွင့်ပေးလိုက်တာကိုး… သန့်စင်သောစန္ဒကူးမီးလျှံကြာပန်း နောက်ထပ်ရုန်းကန်မနေတော့နဲ့… လိမ်လိမ်မာမာနဲ့ ငါ့ရဲ့အသက်သွေးကြော သဘာဝမီးလျှံအဖြစ် နေလိုက်စမ်းပါ…..” ဖန်းယွဲ့ချိန်က ရူးသွပ်မတတ် အော်ဟစ်၍ ရယ်မောနေခဲ့၏။ သူကအလွန်အမင်း စိတ်လှုပ်ရှားနေသည်မှာ သိသာလှပေသည်။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...