Chapter 90

3.3K 444 3
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ်(8)

Chapter-90

" ဘယ်လိုဟာသမျိုးလဲ...ဒန်ဝူအကယ်ဒမီမှာ ဘယ်သူကမှ တစ်ခြားတစ်ယောက်ကို မသတ်ရဲဘူး...မင်းကတော့ သေရတော့မယ်....."

ယီယွမ်က ထိုသို့ မောက်မာသည်ဟူ၍ လူတိုင်းက ထင်မြင်ခဲ့ကြပြီး လှောင်ပြောင် ရယ်မောလိုက်သည်။

ဒန်ဝူအကယ်ဒမီတွင် တစ်စုံတစ်ယောက် ကို တိုက်ခိုက်လိုပါက သေခြင်းရှင်ခြင်း အဆုံးအဖြတ်တိုက်ပွဲ ဆင်နွှဲရပေသည်။သို့သော် ယခုလို အမူအရာဖြင့် တစ်စုံတစ်ယောက်ကို သတ်ဖြတ်ရန် မည်သူမှ မပြောရဲကြပေ။

သူတို့၏ အမြင်တွင် ယီယွမ်က ဟန်ဆောင်ပန်ဆောင်ပြုမူပြီး သူတို့ကို နောက်ဆုတ်ရန် ဖိအားပေးနေခြင်းဟု ထင်မြင်နေခဲ့၏။

ယီယွမ်က သူ၏ဓားကို လက်ဖျားလေးဖြင့် ပွတ်သပ်ရင်း အေးစက်စက် ပြောလိုက်ပေသည်။ "ဒီလိုဆိုရင် စကားပြောနေစရာ အကြောင်းမရှိတော့ဘူး...ငါက ခွေးပိုင်ရှင်ကို မရိုက်ခင် ခွေးလေးတွေကို အရင်ရိုက်ရတော့မှာပေါ့....."

ထိုစကားများနှင့်အတူ ယီယွမ်က အချိန်မဆိုင်းဘဲ ထိုကျောင်းသားအုပ်စုထံသို့ ဓားတစ်ချက် ဝှေ့ယမ်းလိုက်၏။

ပန်းကြွေလွင့်မျောခြင်းဓားသိုင်း ထွက်ပေါ်လာခဲ့ပြီး သူ၏ ခန္ဓာကိုယ်မှာ ပုံရိပ်ယောင်များအဖြစ်ဖြင့် ထိုကျောင်းသားများကို ဖြတ်သန်းသွားတော့မလို ဖြစ်သွားခဲ့သည်။

ဤကျောင်းသားမန်နေဂျာများမှာ အဆင့်(9)ချီစွမ်းအင် အဆင့် များဖြစ်ကြ၏။ဒန်ဝူအကယ်ဒမီတွင် မိုးကောင်းကင်အဆင့် ကျောင်းသားများနှင့် လင်ထန်းချန်ကဲ့သို့ စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ် တစ်ပိုင်း အဆင့်တစ်ယောက်မှလွဲ၍ ပုံမှန်အားဖြင့် သူတို့ကို အနိုင်ယူနိုင်သော ကျောင်းသား မရှိတော့ပေ။

သို့သော် ယခုအချိန် တွင် သူတို့က အလွန်စိတ်ဓာတ်ကျစရာကောင်းသော အခြေအနေကို ကြုံတွေ့နေရသည်။ သူတို့က ယီယွမ်၏ အင်္ကျီလက်စကိုပင် မထိနိုင်ခဲ့ပေ။

 ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Where stories live. Discover now