Chapter 170

1.9K 225 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၁၅ )

Chapter-170

ယီယွမ်နှင့် နန်ဖိန်ဇီရိုတို့နှစ်ဦးစလုံးက ထိုမြင်ကွင်းကို မယုံကြည်နိုင်စွာကြည့်နေကြရင်း မျက်လုံးများပြူးကျယ်နေသည်အထိ အံ့သြသွားခဲ့ကြသည်။

ကျားဖြူငယ်လေးက အနက်ရောင်စပါးအုံးမြွေ၏ အသက်အတွက်အချက်အချာကျသောနေရာဆီသို့ လျင်မြန်စွာပြေးဝင်သွားခဲ့ပြီး ရောင်စဉ်ခုနှစ်သွယ်ပန်းပွင့်နေရာသို့ ရောက်ရှိသွားခဲ့ကာ ထိုနေရာကို သူ၏ပါးစပ်ဖြင့် ကိုက်ချလိုက်ပေ၏။

“ရွှီ…..ရွှီ…..”

အနက်ရောင်စပါးအုံးမြွေကိုယ်တိုင်ကလည်း သူ၏ကံမကောင်းမှုကိ ကျားဖြူငယ်လေးက အခွင့်အရေးယူသွားနိုင်မည်ဟု လုံးဝထင်မှတ်မထားခဲ့ပေ။ ထို့ပြင် ကျားဖြူငယ်လေးက အခြားနေရာများကို ကြိုက်သလိုကိုက်ခွင့်ရသော်လည်း သူ၏အသက်အတွက် အချက်အချာကျသောနေရာကို ကိုက်ခဲ့သည်။

ဤအရာက သေစေလောက်သော အခြေအနေဖြစ်သွားစေခဲ့၏။

အနက်ရောင်စပါးအုံးမြွေက သူ၏ခန္ဓာကိုယ်ကို မကြာခဏ တွန့်လိမ်၍ ကျားဖြူငယ်လေးကိုခါချရန် ကြိုးစားလိုက်ပေသည်။

သို့ရာတွင် ကျားဖြူငယ်လေး၏သွားများက ထိုရောင်စဉ်ခုနှစ်သွယ်ပန်းပွင့်ကို ခိုင်မြဲစွာကိုက်ခဲထားပြီး လွှတ်ပေးမည့်အခြေအနေမပေါ်ပေ။ အနက်ရောင်စပါးအုံးမြွေက မည်မျှပင် ခါချရန်ကြိုးစားစေကာမူ ထိုကျားဖြူငယ်လေးက ကိုက်ခဲနေရာမှလွှတ်ပေးခြင်း မရှိခဲ့ပေ။

မူလကအနက်ရောင်စပါးအုံးမြွေမှာ ကျားဖြူနှင့်တိုက်ခိုက်ရာမှရရှိသောဒဏ်ရာများနှင့် ယီယွမ်၏ ဓားချက်မှဖြစ်လာသော ဒဏ်ရာများကြောင့် သူ၏ခွန်အားမှဆယ်ပုံတစ်ပုံခန့်သာ အသုံးပြုနိုင်တော့ပေရာ ယခုအသက်အတွက် အချက်အချာကျသောနေရာကို ကိုက်ခဲခြင်းခံလိုက်ရပေရာ နောက်ထပ်တိုက်ခိုက်နိုင်ခြင်းမရှိတော့ပေ။ အနည်းငယ်မျှသာ ခန္ဓာကိုယ်ကိုတွန့်လိမ်နိုင်ခဲ့ပြီး ငြိမ်သက်သွားခဲ့၏။

 ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Where stories live. Discover now