Chapter 43

3.8K 574 1
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ -ဖြိုးသူဝင်း

Chapter 43

ထိုအချိန်တွင် ဖိန်ချင်းပေါင် က မူလအခြေအနေသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး ယီယွမ်ကို အသေသတ်ပစ်ချင်လောက်အာင်ပင် မုန်းတီးလာခဲ့သည်။

"ယီယွမ်မင်းက ရွံစရာကောင်းလိုက်တာ.....ငါ့ကို ရွံစရာကောင်းတဲ့ နည်းလမ်းနဲ့ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်တယ်ပေါ့...."ဖိန်ချင်းပေါင် မုန်းတီးစွာဖြင့် အံကြိတ်ပြောဆိုလိုက်သည်။

ယီယွမ်က သူ့ကို ငတုံးတစ်ကောင်ကို ကြည့်သည့် အကြည့်ဖြင့် ကြည့်လိုက်၏။"ဟေး!!!မင်းက ငါ့ကို သုံးကွက်အကြောပေးမယ်လို့ ပြောခဲ့တာနော်.....အခုမင်းက ငါ့ကို ရွံစရာကောင်းတယ်လို့ပြောရဲတယ်ပေါ့....မင်းက တကယ်ကို ဝက်ခေါင်းဖြစ်ချင်နေတာလား....."

"မိမဆုံးမ ဖမဆုံးမသားလေး!!!!သေပေတော့....."ဖိန်ချင်းပေါင်က ဒေါသတကြီး ကြိမ်းမောင်း၍ ဆဲဆိုလိုက်၏။

သူ၏စကားဆုံးသည်နှင့် ယီယွမ်၏ ပုံရိပ်က သူ၏ ရှေ့တွင် ပေါ်ပေါက်လာခဲ့ပေသည်။

ဖုန်း!!!!!

ဖိန်ချင်းပေါင်က နောက်တစ်ကြိမ် လွင့်ထွက်သွားပေ၏။

ထိုအချိန်တွင် ပွဲကြည့်စင်မှ ပရိသတ်များက တစ်စုံတစ်ရာမှားယွင်းနေသည်ကို သတိထားမိသွားခဲ့သည်။

မူလက ဖိန်ချင်းပေါင်က ရန်သူကို အထင်သေး၍ ပွဲစစချင်း ရိုက်နှက်ခံရသည်မှာ လက်ခံ၍ ရသော အရာဖြစ်သော်လည်း ယခုအကြိမ်မှာ မည်သို့ဖြစ်ရသနည်း။

ဖိန်ချင်းပေါင်က ယီယွမ်က ဒေါသအပြည့်ဖြင့် ရင်ဆိုင်သည်ဖြစ်ရာ ပြန်လည်တိုက်ခိုက်ရန် ပြင်ဆင်ထားပေလိမ့်မည်။သို့သော် ယခု သူက ယီယွမ်၏ ရိုက်ချက်တစ်ခုတည်းဖြင့်ပင် လွင့်ထွက်သွားရပြန်သည်။

ထိုအချိန်တွင် ဖြစ်နိုင်စရာ အဖြေတစ်ခုမှာ ဖိန်ချင်းပေါင်က ပြန်လည်တိုက်ခိုက်ရန် ပြင်ဆင်ထားသော်လည်း ယီယွမ်ထက် အနည်းငယ် နှေးကွေးနေခြင်းကြောင့်သာ ဖြစ်ပေမည်။

"ဒါက.....လျှပ်တစ်ပြက်အလင်း က ဒီလောက် မြန်ပါ့မလား????"ယနေ့အဖြစ်အပျက်များသည် သူနားမလည်နိုင်သော အရာများ အများအပြား ရှိသေးသည်ဟု လျှိုဘူးရီ ခံစားလိုက်ရ၏။

 ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Where stories live. Discover now