ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ -ဖြိုးသူဝင်း
Chapter 14
ယီမိသားစုဂေဟာတွင် အခန်းတစ်ခုအတွင်း၌ ဆေးနံ့များ ပျံနှံ့နေပြီး ဂေဟာ၏ ထောင့်တစ်နေရာတွင် ဆေးပစ္စည်းများ ရှိနေခဲ့သည်။
"သခင်လေးက ဒီနေ့ကြယ်တာရာယစ်မူးဂေဟာမှာ လုပ်ခဲ့တာ အရမ်ကောင်းတာပဲ....အဲ့အဖိုးကြီး ဂေဟာသခင်ဝမ်က သခင်လေးရဲ့ လက်အောက်မှာ အရှုံးပေးသွားခဲ့ရတယ်...."လျူအာက ကြောင်မြီးယပ်တောင်ဖြင့် ယပ်ခတ်ပေးရင်း ပြောလိုက်၏။
ဆေးဖက်ဝင်ပစ္စည်းများကို စည်ပိုင်းထဲတွင် ထည့်၍ ယီယွမ် ထိုစည်ပိုင်းထဲသို့ ဝင်ထိုင်နေသည်ကို လျူအာက အောက်မှ မီးထိုးပေးနေခြင်းဖြစ်သည်။
ယနေ့ ကြယ်တာရာယစ်မူးဂေဟာတွင် ဝမ်ဒွန်ဟိုင်က လုအန်ကို သေဆုံးစေခဲ့သည်။ချင်နိုင်ငံတွင် နံပါတ်တစ် လူကြိုက်အများဆုံး ကြယ်တာရာယစ်မူးဂေဟာ သည် ယနေ့တွင် ကလေကချေ တစ်ယောက်က သူတို့၏ မျက်နှာကို ဖြတ်ရိုက်ရန် ရောက်လာခဲ့ပြီး ထိုသို့ ခံစားခဲ့ရမှုကို မည်သို့မျှ မေ့ပျောက်နိုင်တော့မည် မဟုတ်ပေ။ဝမ်ဒွန်ဟိုင် မည်မျှ ပင် အရေထူနေစေကာမူ နောက်ထပ် မျက်နှာပြောင်တိုက်ရဲလိမ့်မည်မဟုတ်တော့ချေ။
လုအန်သေဆုံးပြီးနောက် ဝမ်ဒွန်ဟိုင်သည် ဆေးဆိုင်ကို တစ်ရက်ပိတ်သည်ဟု ချက်ချင်းကြေငြာခဲ့သည်။လူတိုင်းက အရှက်ရဖွယ်အခြေအနေမှ ယာယီရှောင်လွဲလိုခဲ့ကြ၏။
ဆိုင်ရှိလူတိုင်းက သူတို့ကို မလိုအပ်မှုအား သိနေခဲ့ပြီး နှလုံးကွဲကြေဆေး က မည်သို့အဆိပ်မျိုးဖြစ်ကြောင်းကို မသိကြသော်လည်း ယီယွမ်၏ လုပ်ကြံမှုဖြစ်ကြောင်း သိရှိနေခဲ့ကြသည်။သူတို့အတွက် ကမ္ဘာကြီးက လျင်မြန်စွာ ပြောင်းလဲနေခဲ့သည်။နာမည်ဆိုးနှင့် ကလေကချေတစ်ယောက်က ဂရန်းမာစတာတစ်ယောက်ကို ခေတ်ကုန်စေခဲ့သည်မှာ အမှန်တကယ်ပင်။လူအများအပြားက ယီယွမ်သည် မနေ့က အဆိပ်ကြောင့် သေမလိုဖြစ်နေသည်ကို သိရှိကြပြီး ထိုအဆိပ်မိခြင်းကယီယွမ်ကို ဥာဏ်အလင်းရစေခဲ့ခြင်းပင်လား???
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...