Chapter 152

2.4K 241 6
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( 13 )

အခန်း ၁၅၂

Chapter-152

မျောက်ဝံဘုရင်က သူ၏ နတ်ဘုရားစိတ်ဝိညာဉ်ကို အပြည့်အဝ ဖွင့်ပေးလိုက်၏။ ယီယွမ်က သူ၏ လက်နှစ်ဖက်စလုံးဖြင့် လက်ဟန်တစ်ခုပြုလုပ်လိုက်ရာ စိတ်ဝိညာဉ်အမျှင်တန်းတစ်ခုက မျောက်ဝံဘုရင်၏ နတ်ဘုရားစိတ်ဝိညာဉ်အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။


မိစ္ဆာသားရဲများဖြစ်စေ လူသားသိုင်းပညာရှင်များဖြစ်စေ နတ်ဘုရားစိတ်ဝိညာဉ်က အလွန်ထူးခြားဆန်းကျယ်ပြီး ထိခိုက်လွယ်သောနယ်မြေတစ်ခုလည်း ဖြစ်၏။

မျောက်ဝံဘုရင်က သူ၏နတ်ဘုရားစိတ်အာရုံ တုန်ခါသွားသည်ကိုသာ ခံစားလိုက်ရပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက သေလောက်အောင်မောပန်းနေခဲ့သည်။

မျောက်ဝံဘုရင်က သူနှင့်ယီယွမ်ကြားတွင် စိတ်ဝိညာဉ်အဆက်အသွယ်တစ်ခု ရှိသွားခဲ့သည်ကို သိရှိသွားခဲ့သည်။ သူက ယီယွမ်ကို သခင်အဖြစ် ဆယ်နှစ်ကြာအောင် သတ်မှတ်ရပေတော့မည်။

လက်ရှိအချိန်၌ မျောက်ဝံဘုရင်က သူ၏ ပုံမှန်မောက်မာသည့်အမူအရာများ မရှိခဲ့ပေ။ သူက လေးလေးစားစား ပြောလိုက်၏။ “ယွမ်ဖန်းက သခင့်ကို ဂါရဝပြုပါတယ်…..”

ယီယွမ်က ခေါင်းညိတ်၍ ပြောခဲ့သည်။ “ဒါဆိုရင် မင်းနာမည်က ယွမ်ဖန်းလို့ ခေါ်တာလား...အင်း...မင်းက ငါ့ကို မင်းရဲ့သခင်အဖြစ် သတ်မှတ်လိုက်ပြီဆိုရင် ငါ့ဆီမှာ မင်းကို ရှင်းရှင်းလင်းလင်းသိစေချင်တဲ့ ကိစ္စလေးတွေ ရှိသေးတယ်…..”

“ကျေးဇူးပြု၍ ပြောပြပေးပါ သခင်…..”


“မင်းမှာ မျောက်ဝံဘုရင်ဆိုတဲ့ အဆင့်အတန်းရှိနေတဲ့အတွက် ငါက မင်းရဲ့အပြောအဆိုတွေနဲ့အပြုအမူတွေကို ငါကြိုက်သလို ထိန်းချုပ်ချင်စိတ်မရှိဘူး...ဒါကြောင့် အခြေအနေအများစုမှာ မင်းက လွတ်လွတ်လပ်လပ် နေလို့ရတယ်...တကယ်လို့ မင်းက ငါ့ကို မင်းရဲ့သခင်အဖြစ် ရိုးရိုးသားသားပြုမူမယ်ဆိုရင် ငါက စိတ်ဝိညာဉ်ခွန်အားကို အသုံးမပြုဘဲ နေလို့ရတယ်...ဒီလိုဆိုရင် မင်းက လုံးဝလွတ်လွတ်လပ်လပ်ရှိနေတယ်လို့ ပြောလို့ရတယ်...ဒါပေမဲ့ တကယ်လို့များ မင်းက တစ်ကြိမ်တစ်ခါလောက်ပဲဖြစ်ဖြစ် ငါ့ကို မရိုးမသား ကြံစည်တာကို တွေ့ရှိခဲ့မယ်ဆိုရင် ငါက တွေဝေမနေတော့ဘဲ စိတ်ဝိညာဉ်ခွန်အားကို အသုံးပြုလိုက်မှာနော်...နားလည်လား…..”

 ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Where stories live. Discover now