Chapter 9

6.1K 674 0
                                    


ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ -ဖြိုးသူဝင်း

Chapter 9

ယီဟန်၏ ဂေဟာဘေးရှိ မှော်ဆေးပညာအခန်းတွင် လျူအာက မျက်လုံးပြူးနေပြီးယီယွမ်လက်ထဲရှိ ချောမွေ့နက်မှောင်နေသောဆေးလုံးကို အံ့သြတကြီး ကြည့်နေခဲ့သည်။

"ဝိုး!!!!သခင်လေး ဘယ်တုန်းက ဒီလောက်တော်သွားတာလဲ???"

ယီယွမ်ပြုံးလိုက်ပြီး လျူအာ၏ ပန်းနုရောင်နှာခေါင်းလေးကို အသာဆွဲလိမ်လိုက်၏။ထို့နောက် ရယ်ကျဲကျဲဖြင့် ပြောလိုက်သည်။"ဘယ်တုန်းကများ မင်းသခင်လေးက မတော်ခဲ့လို့လဲ??"

ထိုဟာကို ဟာသအဖြစ်ပြောလိုက်သော်လည်း လျူအာက အလျင်အမြန်ပဲ ခေါင်းညိတ်၍ ထောက်ခံပြောဆိုလေသည်။"အတိတ်ကာလတွေမှာလူတိုင်းက သခင်လေးကို အဆိုးတွေပြောကြတယ်....ဘာကြောင့်လဲတော့ ကျွန်မ မသိပေမယ့် သခင်လေးကို လူကောင်းတစ်ယောက်အဖြစ် လျူအာအမြဲတမ်းထင်နေခဲ့တာပာ.....အခုဆိုရင် သခင်လေးက ပိုပြီးထူးချွန်လာပြီ....အဲ့ဆေးနဲ့ သခင်လေးက ဘာလုပ်မလို့လဲ??..."

ယခုဘဝသို့ရောက်ရှိလာခဲ့ပြီးနောက်တစ်ရက်တွင် လျူအာသည် ယီယွမ်နှင့် အရင်းနှီးဆုံး သူတစ်ယောက်ဖြစ်၍ လျှို့ဝှက်မထားတော့ဘဲ ယီယွမ်က ရှင်းပြလိုက်၏။"အဲ့ဒါက အလွန်ပြင်းထန်တဲ့ အဆိပ်ပဲ...."

လျူအာနားမလည်ဖြစ်သွားခဲ့ပြီး မေးခဲ့သည်။"အာ!!!!သခင်လေးက အဲ့ဒါကိုဘာလို့ဖော်စပ်တာလဲ???"

"တကယ်တော့ လူတစ်ယောက်စားဖို့အတွက်ပါပဲ....."ယီယွမ် က ပြုံး၍ ဖြေကြားခဲ့၏။

လျူအာက ရိုးသားဖြူစင်စွာ ပြန်လည်မဖြေကြားခင် ခေတ္တတိတ်ဆိတ်သွားခဲ့ပြီး...."ကျွန်မ နားလည်ပါပြီ....သခင်လေးက ဒီအဆိပ်ကိုဖော်စပ်တာက လူဆိုးတွေစားဖို့အတွက်ပဲကိုး......"

ယီယွမ်က ကျယ်လောင်စွာ ရယ်မောခဲ့ပြီး..."သွားကြစို့....လူဆိုးက ဒီမှာရှိနေတယ်.....ငါတို့က သူ့ကို အခန်းထဲကနေ အသာထိုင်စောင့်နေရုံပဲ....."

သူတို့နှစ်ဦး အခန်းထဲသို့ ရောက်,ရောက်ချင်းပင် အစေခံတစ်ဦးက သွေးမရှိသော မျက်နှာဖြင့်  လူတစ်ယောက် ဂေဟာတံခါးဝသို့ ရောက်ရှိလာကြောင်း သတင်းလာပို့၏။ထိုလူကို အခန်းထဲသို့ ခေါ်ဆောင်လာရင် ယီယွမ်က အစေခံအား ညွှန်ကြားလိုက်၏။

 ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Where stories live. Discover now