ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ - ဖြိုးသူဝင်း
Chapter 52
လင်ထန်းချန် က အဖြစ်အပျက်ကို မည်သို့ဖြေရှင်းရန် ကြိုးစားနေပါစေ အကယ်၍ သူက မှန်ကန်နေခဲ့လျှင်ပင် ဟုရန်ယွမ်က သူ၏ ဘက်မှ ရပ်တည်ပေးလိမ့်မည်မဟုတ်ပေ။
"ဘာတွေဖြစ်ခဲ့တာလဲဆိုတာ အစောကတည်းက မြင်ပြီးပြီ.....အစမှ အဆုံးထိ လွန်ခဲ့တာက မင်းပဲလေ.....မင်းက ဒီလိုရှင်းပြတာလေးနဲ့ ငါ့ကို လှည့်စားဖို့ လွယ်ကူမယ်ထင်နေတာလား???"ဟုရန်ယွမ်၏ အသံက ပို၍ အေးစက်လာခဲ့၏။
"မ...မဟုတ်ပါဘူး...ကျနော်က...."
"ဒီမှာငြိမ်ငြိမ်လေး ရပ်နေ...မလှုပ်နဲ့နော်!!!ဒီဟာက ပထမဆုံးအမှားကျူးလွန်တာလို့ ယူဆပြီး စောင့်ကြည့်ရုံပဲနေလိုက်မယ်....ဒါပေမယ့် နောက်တစ်ခါ ထပ်လုပ်ရင်တော့ မင်းရဲ့ စမ်းသပ်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့် ကို ရုပ်သိမ်းမယ်....."
လင်ထန်းချန်က စကားထပ်မံ မပြောရဲတော့ဘဲ ဘေးသို့ကပ်၍ တိတ်ဆိတ်စွာ ရပ်နေခဲ့သည်။
ကျောင်းသားများ တစ်ယောက်ပြီးတစ်ယောက် ထပ်မံရောက်လာခဲ့၏။ကျောင်းသား ငါးဆယ် ခန့် စုမိသွားပြီးနောက် ဟုရန်ယွမ် က သူတို့၏ ရှေ့သို့ ထပ်မံ ရောက်ရှိလာခဲ့၏။
"အခု လူစုံပြီဆိုတော့ခဏနေရင် ငါက အတားအဆီးတွေကို ပယ်ဖျက်ပေးလိုက်တော့မယ်.....ပုံရိပ်ယောင်မျှော်စင် က မင်းတို့ရဲ့ ကျင့်စဉ် နယ်ပယ် နှင့် ကိုက်ညီတဲ့ စမ်းသပ်တဲ့နေရာကို အလိုအလျောက် ပို့ပေးလိမ့်မယ်.....မင်းတို့ထဲက လူအများအပြားက တိုးတက်မှုစမ်းသပ်ပွဲ ကို အရင်က ပါဝင်ဆင်နွှဲဖူးပြီးတော့ အနည်းစုက အခုမှ ပထမဆုံး ပါဝင်ဆင်နွှဲမှာ မို့ ငါက ရှင်းပြနေတာပဲ....."
ဟုရန်ယွမ်က ပုံရိပ်ယောင်မျှော်စင် ၏ အရေးကြီးသော အချက်များကို အနှစ်ချုပ် ရှင်းပြလိုက်သည်။
အမှန်တကယ်တွင် သူက ယီယွမ်နှင့် လျူအာ အတွက် ရည်ရွယ်၍ ရှင်းပြနေခြင်းဖြစ်သည်။ယခု လူအုပ်ထဲတွင် ယီယွမ်နှင့်လျူအာမှ လွဲ၍ ကျန်သည့်လူတိုင်းက တိုးတက်မှုစမ်းသပ်ပွဲ ကို ပါဝင် ဆင်နွှဲဖူးလေ၏။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...