ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
စာစဉ်(8)
Chapter-92
“ လာကြ...အထွေထွေရေးရာဌာန ရဲ့ ခေါင်းဆောင်ကျောင်းသား ဂိုဏ်းတူအစ်ကိုကြီး လင် နဲ့ မကြာသေးခင်က ထွန်းတောက်လာခဲ့တဲ့ မြေကမ္ဘာအဆင့် ကျောင်းသား ယီယွမ်တို့က စပြီးတိုက်ခိုက်နေကြပြီ...ရင်သင်ရှုမောဖို့ကောင်းတဲ့ ပွဲကို ကြည့်ရအောင်ဟေ့…..”
“ ယီယွမ် ဟုတ်လား...သူက အဆင့်(4)ချီစွမ်းအင်အဆင့် မဟုတ်ဘူးလား...ဂိုဏ်းတူအစ်ကိုကြီး လင် က စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ် တစ်ပိုင်းအဆင့် ကို ရောက်နေတာ ကြာပြီလေ...ယီယွမ်က သူ့ရဲ့ ပြိုင်ဘက် ဘယ်လိုဖြစ်နိုင်မှာလဲ…..”
“ မင်းက ညံ့လိုက်တာ...ယီယွမ်က လွန်ခဲ့တဲ့ ရက်အနည်းငယ် က တံခါးပိတ်လေ့ကျင့်မှု လုပ်နေခဲ့တာကို မသိဘူးလား...သူက လေ့ကျင့်ရာကနေ ထွက်လာတော့ အဆင့်(6)ချီစွမ်းအင်အဆင့် ကို ရောက်နေပြီလေ…..”
“ ဘ..ဘယ်လို...ရက်အနည်းငယ် တံခါးပိတ်လေ့ကျင့်တာ အဆင့်(6)ချီစွမ်းအင်အဆင့် တဲ့လား...ဒီကောင်က အလွန်ထူးဆန်းတာပဲ...ဒါပေမဲ့ သူက အဆင့်(6)ချီစွမ်းအင်အဆင့် ရှိနေရင်တောင် ဂိုဏ်းတူအစ်ကိုကြီး လင် ရဲ့ ပြိုင်ဘက်မဖြစ်နိုင်သေးဘူး...ဟုတ်တယ်မလား…..”
“ ဘယ်သူသိမှာလဲ...ငါ တစ်ခြားသူတွေဆီက ကြားလာတာရှိသေးတယ်...သူတို့နှစ်ယောက်ကြားမှာ ကြီးမားတဲ့ အမုန်းတရား ရှိနေတာတဲ့...ယီယွမ်ကို ရန်စထားခဲ့လို့ သူက အကယ်ဒမီရဲ့ စည်းကမ်းတွေကို သိနေတာတောင် ဂိုဏ်းတူအစ်ကိုကြီးလင် ကို သတ်ချင်နေတာဆိုလားပဲ…..”
“ ဒီလိုကိစ္စမျိုး ရှိတာလား...သွားစို့...မြန်မြန်သွားကြည့်ကြမယ်…..”
ယီယွမ်နှင့် လင်ထန်းချန်တို့၏ တိုကိပွဲအကြောင်းက ဒန်ဝူအကယ်ဒမီတစ်ခုလုံးကို အလွယ်တကူ ပျံ့နှံ့သွားခဲ့၏။ ကျောင်းသားနှစ်ယောက်က ဒန်ဝူအကယ်ဒမီ၏ ထောင့်တစ်နေရာတွင် အချိန်အနည်းငယ်ကြာအောင် ထိုသတင်းကို ပြောဆိုနေခဲ့ကြပြီး တိုက်ပွဲကို ကြည့်ရှုရန် လျင်မြန်စွာ ထွက်သွားခဲ့ကြသည်။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...