ပြိုင်ဘက်ကင်းဆေးနတ်ဘုရားဘာသာပြန်သူ -ဖြိုးသူဝင်း
Chapter -4
ဆေးအကူ ကို အချက်ပြပြီး ရပ်ခိုင်းသောသူကား ဘေး၌ ရှိနေသော ယီယွမ်ပင်ဖြစ်သည်။
ယီယွမ်၏ တားဆီးမှုကို ကြားရပြီးနောက် ဆေးအကူ သည် ရပ်တန့်သွားခဲ့သည်။အဘယ်ကြောင့်ဆိုသော် ယီယွမ်သည် သင်းရနံ့ ဆေးဂေဟာ၏ သခင်လေးဖြစ်ပြီး ဆိုးသွမ်းသော ဂုဏ်သတင်းရှိနေခြင်းကြောင့်ပင် သခင်လေး၏ အမိန့်ကို လွန်ဆန်ရဲခြင်းမရှိပေ။
"အန်ကယ်ချင်.....ဆေးညွှန်းမှားနေတယ်.....ဆေးညွှန်းအမှားက အဲ့လူကိုသေစေလိမ့်မယ်....."ယီယွမ်က တိုးတိုးလေး ပြောခဲ့၏။
ယီယွမ်(ယခင်ခန္ဓာကိုယ်ပိုင်ရှင်)က အသုံးမဝင်သော သူဖြစ်ပြီး လူများ၏ အမြင်၌ ယခုလဲ အတူတူပင်ဖြစ်သည်။
ယီယွမ်က သူနဲ့တစ်လှေတည်းစီးတစ်ခရီးတည်းသွား ဖြစ်၍ သူနဲ့အတူပါလာသောသူ၏ ဂုဏ်သိက္ခာ ကို ထိန်းသိမ်းပေးရပေမည်။ထို့ကြောင့် သူသည် အလွန်တိုးသော အသံဖြင့် တိုးတိုးလေးပြောခဲ့ခြင်းဖြစ်သည်။ထိုကြီးမြတ်သော မာစတာကား ချင်မြောင်ဖြစ်သည်။ယီမိသားစုတွင်နှစ်ပေါင်းများစွာ နေထိုင်ပြီးနောက် သူ၏ အရည်အချင်း များစွာတိုးတက်လာပြီး ပို၍ လေးစားစရာကောင်းသော အဆင့်သို့ရောက်ရှိလာခဲ့ပေသည်။သို့သော်လည်း မှော်ဆေးပညာ တာအိုတွင် ယီဟန်၏ နားလည်မှုနှင့်စာလျှင် နိမ့်ကျနေသေးသည့်အပြင်သူသည် အလွန်အစွမ်းထက်သောသူမဟုတ်ခဲ့ပေ။ဂျူနီယာ၏ ဦးနှောက်မရှိသောစကားများကိုနားထောင်ပြီးနောက် သူ၏ မျက်နှာအနေအထား ပြောင်းလဲသွားခဲ့သည်။
"ဒီမှာ ယွမ်လေး.. မင်းဘာတွေအဓိပ္ပါယ်မရှိလျှောက်ပြောနေတာလဲ.. မင်းဟာမင်းနေ့တိုင်းလုပ်ချင်တာလုပ်နေ.. မင်းအဖေချွေးနဲ့သွေးနဲ့ရင်းပြီးတည်ထောင်ထားတဲ့ လုပ်ငန်းကိုတော့ မဖျက်စီးချင်စမ်းပါနဲ.. အဲ့လိုဆိုလို့ကတော့ဟောဒီက မင်းဘဘချင်က မင်းကိုအလွတ်မပေးမဲ့ ပထမဆုံးသူပဲ.....မင်းသိထားရမှာက သင်းရနံ့ ဆေးဂေဟာ အောင်မြင်နေရခြင်းက မိသားစုခေါင်းဆောင်တစ်ယောက်တည်းကြောင့် မဟုတ်ဘဲ ဘဘတို့ကပါ လုံ့လစိုက်အားထုတ်နေလို့ပဲ.....ကောင်းပြီ အိမ်ပြန်တော့...ဆေးကုသဖို့ စောင့်နေတဲ့ လူနာတွေအများကြီးကျန်သေးတယ်....."
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...