Chapter 172

1.9K 217 1
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ- ဖြိုးသူဝင်း

စာစဉ် ( ၁၅ )

Chapter-172

လူသားနှစ်ဦးနှင့် ကျားတစ်ကောင်က ရေအနက်ရောင်လျှိုမြောင်၏ အနက်ရှိုင်းဆုံးနေရာသို့ ဝင်ရောက်သွားခဲ့ကြ၏။ ဆယ့်ငါးမိနစ်ကြာပြီးနောက် အလွန်ကျယ်ပြန့်သော ချောက်ကမ်းပါးတစ်ခုက သူတို့၏ လမ်းကြောင်းကို ပိတ်ဆို့ထားခဲ့ပေတော့သည်။

“သေစမ်း… ဒီနေရာမှာ လမ်းလည်းမရှိတော့ဘူး ကောင်းတဲ့အရာလည်း မရှိတော့ဘူး…..” နန်ဖိန်ဇီရိုက စိတ်ဓာတ်ကျစွာ ပြောလိုက်ပေ၏။

ယီယွမ်ကလည်း သူ၏ခြေလှမ်းများကို ရပ်တန့်လိုက်ပေသည်။ ပတ်ဝန်းကျင်ကို လေ့လာကြည့်ရှုလိုက်သော်လည်း အသုံးဝင်သည့်အရာ တစ်စုံတစ်ခုမှ တွေ့ရှိခဲ့ခြင်းမရှိပေ။

ဤလမ်းတစ်လျှောက်လုံးတွင် သူက လမ်းလျှောက်နေရင်း ပတ်ဝန်းကျင်ကို မလွတ်တမ်း အာရုံစူးစိုက်ထားခဲ့၏။ အကယ်၍ သဘာဝရတနာများရှိနေခဲ့ပါက သူ၏ မျက်လုံးများအောက်မှ လွဲချော်သွားခြင်း မရှိနိုင်ပေ။

သို့သော် ယခုအချိန်ထိ သူက ရှာဖွေတွေ့ရှိခဲ့မှု တစ်စုံတစ်ရာပင် မရှိခဲ့ပေ။

“ရောင်စဉ်ခုနှစ်သွယ်စီးဆင်းတိမ်စပါးအုံးမြွေက ဒီနေရာကို ကြိုက်တဲ့အတွက် သူ့ရဲ့နယ်မြေအဖြစ် သတ်မှတ်ထားခဲ့တာလား… အဲဒါက လုံးဝအဓိပ္ပါယ်မရှိဘူး… ဒီအနက်ရောင်စပါးအုံးမြွေကြီးရဲ့ ခွန်အားနဲ့ဆိုရင် ပိုပြီးနက်တဲ့နေရာတွေအထိသွားပြီး သူ့အတွက်ပိုကောင်းတဲ့ နယ်မြေတွေကို သွားရောက်ယူဆောင်လို့ရတယ်လေ… သူကဘာလို့ ဒီနေရာကို ရွေးချယ်ခဲ့တာလဲ…..” ထိုအရာကိုတွေးမိလိုက်ပြီးနောက် ယီယွမ်ကလည်း ပဟေဠိဖြစ်နေခဲ့သည်။

“ဟားဟားဟား… နင်ကအရာအားလုံးသိတယ်ဆိုပြီး.ကြွားဝါထားတယ်မဟုတ်လား… ကြည့်ရတာ နင်လည်း လုံးဝမသိတဲ့အချိန်နဲ့ အကြောင်းတရားတွေ ရှိနေတာပဲ… ဘာတဲ့ အသိပညာက စွမ်းအားတစ်ခုဟုတ်လား.... အခု အသိပညာက ပူဖောင်းလေးပေါက်သွားသလို ဖြစ်သွားပြီမဟုတ်လား…..” နန်ဖိန်ဇီရိုက သနားညှာတာမှုမရှိဘဲ လှောင်ပြောင်လိုက်ပေ၏။

 ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Where stories live. Discover now