ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ -ဖြိုးသူဝင်း
Chapter - 8
သင်းရနံ့ဆေးဂေဟာ ၏ ဧည့်ခန်းထဲတွင် ယီဟန်က ယီယွမ်အား ကြည့်၍ ပြောလိုက်၏။
"ကလေကချေကောင်လေး.....ငါ့ ကိုမှန်မှန်ပြောစမ်း....မင်း ဘယ်လိုလုပ် အဲ့ဒါကို ခွဲခြားနိုင်တာလဲ??"
ယီယွမ် သူ၏ ဖခင်ကို ကူရာမဲ့စွာ ကြည့်လိုက်ပြီး ဖြေခဲ့သည်။
"အဲ့ဒါက ရမ်းတုတ်ခဲ့တာပါ...."(ငရွှီးကောင်)"ဟမ့်!!!မနေ့က ငါမင်းလိမ်တာ ခံရတော့မလို့ပဲ....မင်းက အတိတ်နဲ့ လုံးဝမတူတော့ပါလား.....အရောင်ခုနှစ်သွယ်စီးဆင်းတိမ်စပါးအုံးမြွေ ဟုတ်လား???ငါ အဲ့ဒါကို ဘယ်တုန်းကမှ မကြားဖူးခဲ့ဘူး.....ငါ အခု အာမခံပေးလိုက်ပေမယ့် ရလဒ်က အဖိုးကြီး ချင် နဲ့ တူနေမှာကို စိုးရိမ်နေတယ်ဟ....."
ထိုလူသန်ကြီးသည် ဆေးကိုသောက်ပြီးနောက် သက်သာသွားခဲ့ပြီး သင်းရနံ့ဆေးဂေဟာ နှင့် ယီယွမ်ကို ကျေးဇူးတင်နေခဲ့သည်။အန္တရာယ်အဖြစ်မှ ကောင်းကျိုးဖြစ်ခဲ့ရခြင်းမှာ ယီယွမ်ကြောင့်ပင် ဖြစ်လေ၏။
ယနေ့မှစ၍ မိစ္ဆာသားရဲမုဆိုးများကြားတွင် သင်းရနံ့ဆေးဂေဟာ ၏ နာမည်ဂုဏ်သတင်း ကျော်ကြားသွားတော့မည်ဖြစ်ပြီး ထိုအကျိုးကျေးဇူးမှာ အလွန်ကြီးမားလှပေသည်။
"ဘယ်လို!!!အဖေ အဲ့ဒါကို မသိဘူးလား??မှော်ဆေးပညာတာအိုမှာ အဖေ့ရဲ့ အဆင့်နဲ့ဆို ဒီအဆိပ်မျိုးကို ကုသတာက ကိတ်မုန့်စားရတာထက် လွယ်မယ်လို့ ကျနော်ထင်ခဲ့တာဗျ....."ယီယွမ် အံ့သြတကြီး ပြောခဲ့၏။
"ကိတ်မုန့်စားသလိုလား!!??ဟားဟား !!တစ်ကယ်တော့ ဒီသေးငယ်တဲ့ ချင်နိုင်ငံမှာ ငါက နာမည်ရနေတယ်....ချင်နိုင်ငံရဲ့ အပြင်ဘက်မှာတော့ ငါက ဘာမှ မဟုတ်တော့ဘူး.....မှော်ဆေးပညာရှင် ဂရန်းမာစတာဆိုတာ မှော်ဆေးပညာ လမ်းကြောင်းမှာ အခြေခံ အဆင့်လောက်ပဲရှိတာ......ချင်နိုင်ငံက ရေတွင်းတစ်ခုဆို ငါက ရေတွင်းထဲက ဖားတစ်ကောင်ပဲ....နည်းနည်းပိုကြီးတဲ့ ဖားပေါ့ကွာ.....ငါ မသိသေးတာ အများကြီးရှိသေးတယ်ဟ..."
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...