ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ -ဖြိုးသူဝင်း
Chapter 39
ထန်ယု၏ အမူအရာကို မြင်လိုက်ရ၍ လူအများအပြားက အရေးမကြီးသလိုပင် အလောင်းအစားပြုလုပ်လိုက်ကြသည်။
"ငါလဲ လောင်းမယ်.....အဆင့်မြင့်အဆင့် ချီစွမ်းအင်ဆေးလုံး တစ်ရာ......"
"ငါရောလောင်းမယ်....."
"ငါရောပဲ......"
ယီဟန်၏ နာမည်ကို ကြားလိုက်ရ၍ ယီယွမ်ရှုံးနိမ့်ပါက လောင်းကြေးမပေးနိုင်မည်ကို စိုးရိမ်စိတ်မရှိကြတော့ပေ။ထို့ကြောင့် လူအများက တစ်ယောက်ပြီးတစ်ယောက် လောင်းကြေးထပ်လိုက်ကြပေ၏။
သက်သေပြုလုပ်ပေးရန် လူတစ်ယောက်ကို ရှာပြီးနောက် လောင်းကြေးထပ်ကြသူများမှာ ဝန်ခံကတိရေးထိုးခဲ့ကြပြီး ထိုလောင်းကြေးကိစ္စမှာ အတည်ဖြစ်သွားခဲ့သည်။
ထိုသူများ၏ လက်မှတ်များကို ကြည့်၍ ထန်ယု အလွန်ပျော်ရွှင်သွားခဲ့၏။
"ကြည့်ရတာ ဂိုဏ်းတူညီလေး ယီ က အလွန်တော်တာပဲ.....ဒီလူတွေကတော့ ငွေကုန်တော့မယ်.....အနာဂတ်မှာ ငါတို့က ချီစွမ်းအင်ဆေးလုံး ပြတ်တောက်တော့မှာမဟုတ်ဘူး....ငါတို့လိုချင်တာထက်တောင် ပိုများနေသေးတယ်ဟ....."ထန်ယု စိတ်ထဲမှ တွေးတောနေမိသည်။
တစ်ခြားသူများမသိသည့်အချက်မှာ ယီယွမ်က အဆင့်(3)ချီစွမ်းအင်အဆင့်နှင့်ပင် အဆင့်(7)ချီစွမ်းအင်အဆင့် လုပ်ကြံသူတစ်ယောက်ကို သတ်ဖြတ်ခဲ့ခြင်းအား ထန်ယု မျက်မြင်တွေ့ခဲ့ရခြင်းပင်။ဖိန်ချင်းပေါင်ကဲ့သို့ ပုရွက်ဆိတ်လေးက ယီယွမ်ကို မည်သည့်အတွက်ကြောင့် အနိုင်ယူနိုင်မည်နည်း???
လောင်းကြေးတွင် လူတိုင်းပါဝင်သည်မဟုတ်ဘဲ ပရိသတ်အဖြစ်ကျန်နေကြသူများလည်း ရှိပေ၏။လောင်ကြေးထပ်ကြသူများကို ဝန်ခံကတိရေးထိုးခိုင်းရာတွင် လူနှစ်ရာထက်များပြားပေရာ ချီစွမ်းအင်ဆေးလုံး လောင်းကြေးပမာဏသည် အလွန်ကြီးမားလှပေသည်။
ယီယွမ်သာ အမှန်တကယ်ရှုံးနိမ့်ခဲ့ပါက သင်းရနံ့ဆေးဂေဟာကို ဖွက်ဖွက်ညက်ကျေစေနိုင်သော ပမာဏ ဖြစ်၏။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...