ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
စာစဉ်(11)
Chapter-130
"တကယ်တော့ ယီယွမ်က ကောင်းကင်ဘုံကိုးခုလျှောက်လမ်း ကို ဖြတ်ကျော်နိုင်ခြင်း မရှိခင်တုန်းက ငါ သူ့ကို သတ်ဖို့ ယုံကြည်ချက် အပြည့်အဝ ရှိတယ်...ဒါပေမဲ့ လက်ရှိ ယီယွမ်က ငါ့ကို အနိုင်မယူနိုင်ရင်တောင် ငါက သူ့ကို သတ်နိုင်ဖို့ ယုံကြည်ချက် အများကြီး မရှိတော့ဘူး....." စူးရီရှန်း က မျက်မှောင်ကုတ်၍ ပြောလိုက်သည်။
စူးရီရှန်းက ယီယွမ် နှင့် ရင်ဆိုင်တိုက်ခိုက်ဖူးပေရာ သူ၏ ခွန်အားက သိုင်းပညာလမ်းစဉ် တွင် အဆင့်ငါးဆယ် သို့မဟုတ် ထိုထက် ပို၍ မြင့်မားသည်ဟု ပြော၍ ရပေ၏။
သူက ဤသို့သော ခွန်အားမျိုးကို စိတ်ထဲ၌ မထားခဲ့ပေ။ သို့သော် ယီယွမ်က ဆက်လက်လျှောက်လှမ်းနေသူဖြစ်၍ သူက ယီယွမ် ကို တားဆီးရန် အမှန်တကယ်ပင် ယုံကြည်မှု မရှိပေ။
မည်သို့ပင်ဖြစ်စေကာမူ ယီယွမ်က ဤနေရာတွင် ရပ်၍ သူ၏ ကောင်းကင်ခွဲလက်ဝါး ကို အရူးတစ်ယောက်ကဲ့သို့ ရပ်စောင့်နေမည် မဟုတ်ပေ။
စူးယူဘိုင် က ဆေးပုလင်းတစ်လုံးကို ထုတ်ယူလိုက်ပြီး စူးရီရှန်း ဆီသို့ ပေးလိုက်သည်။ "ဒီပုလင်းထဲမှာ စိတ်ဝိညာဉ်ဆေးလုံး တွေ ပါတယ်...မင်းဒီဆေးတွေကို သောက်ပြီး နှစ်ရက်အတွင်း အဆင့်(4)စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ် ကို ရောက်အောင် အဆင့်တက်လိုက်...မင်းက အဆင့်(4)စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ် ကို ရောက်ပြီဆိုရင် သူ့ကို သတ်ဖို့က မခက်ခဲတော့ပါဘူး...ဟုတ်တယ်မလား....."
စူးရီရှန်း၏ မျက်လုံးများက တောက်ပ သွားခဲ့ပြီး ဆေးလုံးများကို အလျင်အမြန် လက်ခံလိုက်၏။
သိုင်းပညာလမ်းစဉ်၏ ထိပ်ဆုံး ဂျီးနီးယပ် ဆယ်ယောက်အတွက်ပင် စိတ်ဝိညာဉ်ဆေးလုံး များ၏ ဆွဲဆောင်နိုင်စွမ်းက ကြီးမား၏။ ဤအရာကို လျှိုဘူးရီ နှင့် လောင်ထန်တို့၏ လောင်းကြေးထပ်မှု၌ မြင်နိုင်သည်။
စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ် ကို ရောက်ရှိသွားသည်နှင့် အဆင့်တက်ရန် ခက်ခဲမှုက အလွန်အမင်း မြင့်မားလာလေ့ရှိသည်။ စိတ်ဝိညာဉ်ဆေးလုံး များဖြင့် ဆိုပါက ကျင့်ကြံချိန် အမြောက်အမြား ကို ချွေတာလိုက်သည်နှင့် အတူတူပင် ဖြစ်၏။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...