ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
စာစဉ် ( 13 )
အခန်း ၁၄၇
မျောက်ဝံများစွာ၏ အော်ဟစ်မာန်ဖီသံကိုကြားလိုက်ရသောအခါ ယီယွမ် ၏ စိတ်ထဲတွင် အလွန်ပြင်းထန်သော အန္တရာယ် အငွေ့အသက်ကို ခံစားလိုက်ရသည်။
ဤအန္တရာယ် အငွေ့အသက်က ယီယွမ်၏ ဦးခေါင်းထိပ်ကို စပ်ဖျဉ်းဖျဉ်း ဖြစ်သွားစေခဲ့၏။
အကယ်၍ သူက ရှေ့သို့ ခြေတစ်လှမ်းဆက်တက်ခဲ့လျှင် ဒုက္ခ အကြီးအကျယ် ရောက်တော့မည် ဖြစ်ကြောင်း သိရှိသွားခဲ့သည်။
ချက်ချင်းပင် ယီယွမ်က သူလာရောက်စဉ်က အမြန်နှုန်းထက် ပိုသော အရှိန်အဟုန်ဖြင့် နောက်ဆုတ်ပြေးလာခဲ့၏။
“ပြေးတော့...ဂိုဏ်းတူအစ်မဖိန်…..”
ယီယွမ် က အနည်းငယ်မျှပင် တွေဝေနေခဲ့ခြင်းမရှိဘဲ နောက်ဆုတ်ပြေးရန်သာ ဆုံးဖြတ်ခဲ့၏။ ထိုအရာက အဆင့်(3)မိစ္ဆာသားရဲ တစ်ကောင်ဖြစ်သည်။ သူတို့နှစ်ဦး ကို ထိုအကောင်က တိုက်ခိုက်မှု တစ်ခုတည်းဖြင့် အမှုန့်ကြိတ်လိုက်နိုင်ပေသည်။
ဖိန်ဇီရို ကလည်း တစ်စုံတစ်ရာ မှားယွင်းနေကြောင်း သိသိသာသာ ခံစားလိုက်ရသည်။ ယီယွမ်၏ သတိပေးချက်ကို စောင့်နေခြင်း မရှိဘဲ သူမ၏ ပျံလွှားဝိညာဉ်ကခုန်ခြင်း ပညာရပ်ကို အပြည့်အဝ ထုတ်သုံးပြီး တောင်ပေါ်မှ အလွန်မြန်ဆန်သော အရှိန်အဟုန် ဖြင့် ဆင်းပြေးခဲ့၏။
ဖိန်ဇီရို နှင့် ယီယွမ် က တစ်ဦးနှင့်တစ်ဦး ရှေ့ဆင့်နောက်ဆင့် ပြေးဆင်းလာခဲ့ပြီး တောင်အောက်သို့ ချက်ချင်း ရောက်ရှိလာခဲ့၏။ မည်သို့ပင်ဆိုစေကာမူ သူတို့နှစ်ဦး ပြေးဆင်းလာသည့်အချိန်က အသက်ရှူချိန် အနည်းငယ်ခန့် ကြာမြင့်သွားခဲ့ပေသည်။
“သတိထား...ဂိုဏ်းတူအစ်မဖိန်…..” ယီယွမ် က အလွန်စိုးရိမ်စွာဖြင့် အော်ဟစ်သတိပေးလိုက်၏။
ယီယွမ်အော်ဟစ်လိုက်သည်နှင့် တူညီသောအချိန်တွင် လူတစ်ယောက်ထက် မြင့်မားသော ပုံရိပ်တစ်ခုက ချက်ချင်းတောင်ပေါ်မှ ဆင်းသက်လာခဲ့၏။ သူက နောက်မှဆင်းလာခြင်းဖြစ်သော်လည်း အရင်ရောက်လုနီးပါး ဖြစ်ပြီး လျှပ်တစ်ပြက်အချိန်အတွင်း ဖိန်ဇီရို ကို လိုက်မီသွားခဲ့သည်။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...