Chapter 15

5.2K 624 2
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ -ဖြိုးသူဝင်း

Chapter 15

ထိုကဲ့သို့ ခန္ဓာကိုယ်ရှိသူ နတ်ဘုရားနိုင်ငံတော် တွင် ပေါ်ပေါက်လာပါက အဓိက အင်အားစုကြီးများက ထိုသူကို လုယူရန် အချင်းချင်းစစ်ခင်းကြပေလိမ့်မည်။ကံကောင်းထောက်မစွာပင် ယီယွမ်၏ မှတ်ဥာဏ်အတွင်း၌ လျူအာနှင့်သင့်လျော်သော ကျင့်စဉ်တစ်ခုရှိနေခဲ့၏။ထိုကျင့်စဉ်မှာ နတ်ဘုရားနိုင်ငံတော် ၏ နှင်းဝိဥာဉ်ကောင်းကင်ဧကရာဇ် ကျင့်စဉ်ပင်ဖြစ်သည်။ထို့ပြင် ထိုကျင့်စဉ်မှာ ယင်ကိုးပါး ကောင်းကင်သွေးကြောနှင့် ဆက်စပ်နေသော ပညာရပ်ဖြစ်သည်။

ထိုအချိန်တွင် လျူအာမယုံနိုင်စွာဖြင့် မေးလိုက်၏။"သခင်လေး..ပြောနေတာတွေက တစ်ကယ်လား??ကျွန်မကို လိမ်နေတာတော့ မဟုတ်ပါဘူးနော်....."

"မလိမ်ပါဘူးကွယ်...ယင်ကိုးပါး ကောင်းကင်သွေးကြော ရှိနေတဲ့သူက ကျင့်စဉ်ကျင့်ဖို့ ခက်ခဲတာကမှန်တယ်...ဒါပေမယ့် မှန်ကန်သင့်လျော်တဲ့ကျင့်စဉ်နဲ့ဆိုရင် ပုံမှန်လူတွေထက် ပိုပြီး ထူးချွန်လိမ့်မယ်.....နောက်ပြီး သခင်လေးက မင်းကို ကျင့်စဉ်တစ်ခုသင်ပေးဦးမယ်....ကောင်းကင်ဘုံဝိဥာဉ်အေးခဲခြင်း ပညာရပ်လို့ခေါ်တယ်....လျူအာရဲ့ အရည်အချင်းနဲ့ဆို အနာဂတ်မှာ သခင်လေးကအံ့ဩသွားရလောက်တဲ့ထိ ဖြစ်လာမှာပဲ...."ယီယွမ် နူးညံ့စွာ ပြောလိုက်၏။

ထိုစကားကို ကြားပြီးနောက် လျူအာ ပျော်ရွှင်သွားသော အပြုံးလေးပေါ်ပေါက်လာသည်။"ဟိဟိ!!လျူအာက သခင်လေးထက်ပိုပြီး ခွန်အားကြီးမှာမဟုတ်ပါဘူး...လျူအာ သခင်လေးဘေးမှာ ကြာကြာနေနိုင်ရင်ပဲ ကျေနပ်ပါပြီ....အတိတ်တုန်းက သခင်လေးက လူတွေကို နှိပ်စက်ခဲ့တယ်လေ....ဒါကြောင့် လျူအာက သခင်လေးကို ကာကွယ်ဖို့ သိုင်းသင်ချင်နေခဲ့တာ....ဒါပေမယ့် ကျွန်မက သိုင်းသင်လိုက်ရင် သခင်လေးဘေးမှာ မနေနိုင်တော့မှာကိုစိုးရိမ်လို့သာ သိုင်းလုံးဝ မသင်ခဲ့တာပါ......

လျူအာသိုင်းသင်လိုသည့် ရည်ရွယ်ချက်မှာ သူ့ကို ကာကွယ်လို၍ ဖြစ်ကြောင်း သိလိုက်ရ၍ ယီယွမ်ပြောစရာစကားခေတ္တပျောက်ဆုံးသွားသည်။ယီယွမ်သူ့ကိုယ်သူ အမြန်ဆုံးခွန်အားကြီးမားလာရန် လိုအပ်ကြောင်း သတိပေးခဲ့သည်။သူ၏ ယခင်ဘဝတွင် သူနှင့်အနီးဆုံးလူအား မကာကွယ်နိုင်ခဲ့ပေ။လက်ရှိဘဝတွင်ကား သူချစ်ခင်သောသူများအား အန္တရာယ် မဖြစ်စေရန် ကာကွယ်ပေးရပေမည်။

 ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Where stories live. Discover now