ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
စာစဉ် ( ၁၆ )
Chapter-186
ပင်လယ်အသွင်ပြောင်းလဲခြင်းနယ်ပယ် ထူးချွန်သူများက ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့်မြေကြီး၏ သဘာဝစွမ်းအင်များကို ဆက်သွယ်အသုံးပြု၍ ထိုသဘာဝစွမ်းအင်များကို သူတို့ကိုယ်ပိုင်စွမ်းအင်များအဖြစ် အသုံးပြုနိုင်ပေသည်။
ပင်လယ်အသွင်ပြောင်းလဲခြင်းနယ်ပယ် သိုင်းပညာရှင်တစ်ယောက်က ကောင်းကင်နှင့်မြေကြီး၏ သဘာဝစွမ်းအင်များနှင့် ဆက်သွယ်မှုကို အပေါ်ယံနားလည်မှုဖြင့်သာ ထုတ်သုံးနိုင်ခြင်းဖြစ်သော်လည်း ဤနည်းပါးသောပမာဏကပင် ပင်လယ်အသွင်ပြောင်းလဲခြင်းနယ်ပယ်၏ အောက်မှနယ်ပယ်များရှိ သိုင်းပညာရှင်များရှေ့မှောက်တွင် အလွန်ကြီးမားသော ဩဇာအာဏာရှိသူ ဖြစ်နေခဲ့ပေပြီ။
ကျီးကန်းနက်အဖိုးကြီးက သူ၏အလံကို ဝှေ့ယမ်းလိုက်ပြန်၏။ မြေအောက်လိုဏ်ဂူအတွင်းမှ သဘာဝစွမ်းအင်အားလုံးက သူ၏အလံမှစုပ်ယူခြင်းကို ခံလိုက်ရ၏။
အလွန့်အလွန် အစွမ်းထက်သော အော်ရာတစ်ခုက သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့၏။ ထွက်ပေါ်လာသော အငွေ့အသက်များက စောစောကတစ်ကြိမ်ထက် အလွန်အမင်း ပြင်းထန်နေခဲ့သည်။
“ယွမ်ဖန်း… စီနီယာကျီးကန်းနက်ကို လှိုက်လှိုက်လှဲလှဲဖျော်ဖြေပေးလိုက်နော်… ငါမင်းကို အရင်ကပြောထားတာတွေကို သတိရပါ…..” ထိုမြင်ကွင်းကိုမြင်သောအချိန်တွင် ယီယွမ်ကစိုးရိမ်ပူပန်ခြင်းမရှိဘဲ ယွမ်ဖန်းကို အေးအေးဆေးဆေး ပြောဆိုလိုက်၏။
ထိုစကားကို ကြားချိန်တွင် ယွမ်ဖန်း၏မျက်လုံးများက တောက်ပသွားခဲ့သည်။ “ဟုတ်ကဲ့ပါ သခင်လေး… ယွမ်ဖန်းက သေသေချာချာကို မှတ်မိနေပါတယ်…..”
ရွှေဓားသိမ်းငှက်ကို ရင်ဆိုင်ခဲ့စဉ်ကနှင့် အတူတူပင် ကျီးကန်းနက်အဖိုးကြီး၏အလံက သဘာဝစွမ်းအင် အမြောက်အမြားကို စုစည်းနေခဲ့သည်။ အလွန်ကြောက်စရာကောင်းသော အော်ရာတစ်ခုက ပျံ့နှံ့နေခဲ့၏။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...