ပြိုင်ဖက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
စာစဉ်(၁၁)
Chapter-119
“အဝေးကို ထွက်ပြေးသွားတာလား...ဘယ်လောက်သတ္တိနည်းလိုက်တဲ့ကောင်လဲ…..” ထိုစကားကိုကြားသော် ယီယွမ်က အံ့သြသွားခဲ့သည်။
“တောင်းပန်ပါတယ်...အစ်ကိုယီ...ထန်ယုရဲ့ စွမ်းရည် တွေက နိမ့်ပါးနေလို့ သူ့ကို တားဆီးမထားနိုင်ခဲ့ဘူး...သူထွက်ပြေးတာကို ရပ်ကြည့်နေရုံပဲ တတ်နိုင်ခဲ့တာ…..” ထန်ယုကရှက်ရွံ့စွာ ပြောလိုက်၏။
ခံစားချက်ကို ထုတ်မပြသော်လည်း ထန်ယုက သူ့ကိုယ်သူ ယခုအချိန်၌ အလွန်အသုံးမကျသလို ခံစားနေရသည်။
ယီယွမ်တွင် လတ်တလော၌ ကိစ္စအများအပြား ဖြစ်ပျက်နေခဲ့သော်လည်း သူက ထိုအထဲမှ ကိစ္စလေးတစ်ခုကိုပင် မကူညီနိုင်ခဲ့ပေ။
လက်ရှိအချိန်တွင် ယီယွမ်အတွက် ဝမ်ယွမ်က ပုရွက်ဆိတ် တစ်ကောင်မျှသာဖြစ်ပြီး လက်တစ်ဖက်တည်းဖြင့် အလွယ်တကူအမှုန့်ခြေနိုင်၏။ သို့သော် ထန်ယုအတွက်မူ ဝမ်ယွမ်က မြင့်မားသောတောင်တစ်လုံးကဲ့သို့ သန်မာနေသေးသည်။
ထန်ယုက ဝမ်ယွမ်မှာ ယီယွမ်အတွက် အမြစ်တွယ်နေသော ရန်သူဖြစ်ကြောင်း သိခဲ့သော်လည်း ယခု ဝမ်ယွမ်က အဝေးသို့ ထွက်ပြေးသည်ကို မည်သို့မှ မလုပ်နိုင်ခဲ့ဘဲ ရပ်ကြည့်နေခဲ့ရသည်။ ဤအရာကြောင့်ပင် သူက အကူအညီမပေးနိုင်သလိုဖြစ်နေ၍ ရှက်ရွံ့နေခဲ့ခြင်းဖြစ်၏။
ယီယွမ်က လက်ခါပြလိုက်ရင်း ပြောလိုက်သည်။ “စိတ်ထဲမထားပါနဲ့ ညီလေးထန်...ဝမ်ယွမ်က ကနေတဲ့လူပြက်တစ်ယောက်ပဲ...ငါသူ့ကို ရက်နည်းနည်းလောက် အသက်ရှင်ခွင့်ပေးထားလိုက်မယ်...ငါက အဆုံးမဲ့တောအုပ် ကနေ ပြန်ထွက်လာပြီဆိုရင် သူနဲ့သူ့အဖေကိစ္စကို ရှင်းလင်းဖယ်ရှားပစ်ရမယ်…..”
သူက အဆုံးမဲ့တောအုပ် မှ ပြန်ထွက်လာချိန်တွင် သူ၏ ဖခင် ယီဟန်လည်း တံခါးပိတ်လေ့ကျင့်နေရာမှ ထွက်ခွာလာခဲ့ပြီ ဖြစ်ပေလိမ့်မည်။
ထိုအချိန်တွင် သူတို့ သားအဖနှစ်ယောက် အတူလက်တွဲ၍ ချင်နိုင်ငံတစ်ခုလုံးကို အလွန်ကြီးမားသော အံ့အားသင့်မှုများ ပေးစွမ်းမည် ဖြစ်သည်။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...