ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ -ဖြိုးသူဝင်း
အခန်း ( ၁၃ )
Chapter-145
ယီယွမ် နှင့် ဖိန်ဇီရို တို့က ညဘက် ကင်းလှည့် လက်မောင်းရှည်ကျောက်တုံးမျောက်ဝံ များကို ရှောင်ကွင်းပြီး ကျောက်နံရံဆီသို့ သွားရောက်ခဲ့ကြသည်။
ဤကျော်နံရံက မြေပြင်ပေါ်တွင် ထောင့်မှန်ကျကျ တည်ရှိနေ၏။ သူမနှင့် ယီယွမ်တို့ ရပ်နေသောနေရာမှ ကျောက်နံရံထိပ်သို့ အမြင့်ပေ တစ်ထောင်ခန့် ရှိပေ၏။
“ယီယွမ်...ဒီကျောက်နံရံက တော်တော်လေးမြင့်တယ်...နင်တက်နိုင်ပါ့မလား…..” ဖိန်ဇီရို က ယီယွမ် ကို အလွန်စိုးရိမ်စွာဖြင့် မေးလိုက်သည်။
အမြင့်သို့တက်ရခြင်းက မြေပြင်ပေါ်တွင် ခြေလှမ်းသိုင်းပညာရပ်ကို အသုံးပြုရခြင်းနှင့် လုံးဝ ကွဲပြားပေ၏။ တစ်စုံတစ်ယောက်က အမြင့်ကိုတက်လျှင် သူက ကမ္ဘာမြေဆွဲအားကို ဆန့်ကျင်၍ တက်ရခြင်းဖြစ်သည်။ ခြေလှမ်းသိုင်းပညာရပ်များကို အသုံးပြုခြင်းက သိုင်းပညာရှင်များအတွက် ကြီးမားသော ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်၏။
မည်သို့ပင်ဖြစ်စေကာမူ စိတ်သလင်းဖြစ်တည်ခြင်းနယ်ပယ် သိုင်းပညာရှင်များပင် ကောင်းကင်သို့ ပျံတက်နိုင်ခြင်း မရှိပေ။
စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ် သိုင်းပညာရှင်များအတွက် အားသာချက် ရှိသေး၏။ သို့သော် ချီစွမ်းအင်နယ်ပယ် သိုင်းပညာရှင်များအတွက် ပေတစ်ထောင်မြင့်သော ကျောက်နံရံကို တက်ရောက်ရန် လက်တွေ့၌ လုံးဝမဖြစ်နိုင်ပေ။
ပထမတစ်ချက်မှာ ချီစွမ်းအင်နယ်ပယ် သိုင်းပညာရှင်များ၏ ကိုယ်တွင်းစွမ်းအင်များက ပေတစ်ထောင်အကွာအဝေးအတွင်း ကုန်ခန်းမှုကို တောင့်ခံထားနိုင်ခြင်းမရှိပေ။ ဒုတိယအချက်မှာ အဆင့်(1)ခြေလှမ်းသိုင်းပညာရပ် များက သိုင်းပညာရှင်များကို ပေတစ်ထောင်အမြင့်အား တက်ရောက်နိုင်ရန် ထောက်ပံ့ပေးနိုင်ခြင်း မရှိ၍ ဖြစ်သည်။
“ကျွန်တော်တက်နိုင်ပါ့မလား ဆိုတာ ဘာကိုဆိုလိုတာလဲ...အဲဒီလို မေးခွန်းမျိုးကို မမေးပါနဲ့...တကယ်က ကျွန်တော်က တက်နိုင်တာပေါ့…..” ယီယွမ်က မည်သည့်အရာမှ ဂရုမစိုက်သည့်ဟန်ဖြင့် ပြောဆိုလိုက်၏။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...