ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
စာစဉ်(11)
Chapter-129
လျူယူရှီက သူမကို စူးယူဘိုင် က ဖိအားပေး၍ အကယ်ဒမီ မှ ထုတ်ပယ်သည့် အပြစ်ပေးခြင်း ခံလိုက်ရသောအခါ ရူးသွပ်မတတ် ဖြစ်သွားခဲ့သည်။
သူမက အကယ်ဒမီ မှ ထွက်သွားလျှင် သူမမှာ လေလွင့်နေသော ဝိညာဉ်တစ်ခု ကဲ့သို့ ရောက်ရာပေါက်ရာ ထွက်သွားရပေ၏။
သူမက ရည်ရွယ်ချက် အလွန်ကြီးမားပြီး အဆင့်မြင့်လာခဲ့သော သူဖြစ်၏။ သူမက ပန်းပွင့်လေးကဲ့သို့ နူးညံ့သိမ်မွေ့ လှပပေရာ အားလုံး ၏ တန်ဖိုးထားခြင်းကို ခံရပေ၏။
ယခု လျူယူရှီက ဒုက္ခိတ တစ်ယောက် ဖြစ်သွားပေပြီ။ လမ်းလျှောက်နေသော လူသေကောင် တစ်ယောက်...လမ်းကြုံ၍ ဖြတ်သွားသောသူပင် သူမကို ကြည့်ချင်မည် မဟုတ်တော့ပေ။
နောက်တစ်ရက်ခန့်အကြာတွင် တစ်နေကုန်နီးပါး သူမနောက်လိုက်နေသော လူသတ်သမားတစ်ယောက်က သူမကို နောက်ကွယ်မှ ဓားဖြင့် လုပ်ကြံ၍ ယခင်က ဆွဲဆောင်မှုရှိသော အမျိုးသမီးငယ်လေး ကို အဆုံးသတ်သွားခဲ့သည်။
အမှန်တကယ်တွင် လူအများအပြားက ဤအဆုံးသတ်ကို ကြိုတင်ခန့်မှန်းမိခဲ့ကြ၏။ သို့သော် လျူယူရှီကို မည်သူမှ မသနားခဲ့ကြပေ။
လျူယူရှီ၏ ယနေ့ ရလဒ်က သူမ စိုက်ပျိုးခဲ့သော သီးနှံများကို သူမကိုယ်တိုင် ရိတ်သိမ်းရခြင်း ဖြစ်သည်။ စိတ်နှလုံးသားယုတ်မာသော မိန်းမတစ်ယောက်ကို မည်သူက သနားကြင်နာ နိုင်မည်နည်း။
ဤအဖြစ်အပျက်ပြီးနောက် ယီယွမ်က ဖိန်လျှိုချင် ပို့ပေးလိုက်သော ကျင့်စဉ်ကျောက်စိမ်းတုံးလေးကို သေသေချာချာ ကြည့်ရှုလေ့လာခဲ့ပြီး သူကိုယ်တိုင် ပြင်ဆင်ထားသည့် ကျောက်စိမ်းတုံး တစ်ခုကို သူမဆီသို့ ပြန်လည်ပေးပို့လိုက်၏။
ဖိန်လျှိုချင် က မူလတွင် ကျမ်းစာဆောင်သို့သွား၍ ကျင့်စဉ်ရွေးချယ်ရန် မသွားခဲ့ဘဲ အချိန်ဖြုန်းနေသည်ကို စိုးရိမ်နေခဲ့သည်။ ယီယွမ်က သူမကို ကျင့်စဉ်တစ်ခု ပေါ့ပေါ့ပါးပါး ထုတ်ပေးနိုင်မည်ဟု မည်သူက ထင်ခဲ့မည်နည်း။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...