Chapter 125

2.6K 324 2
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ်(11)

Chapter-125

“ရီရှန်း...ဒီကိစ္စကို ဒီမှာပဲ ရပ်ထားလိုက်တော့…..”

ထိုအသံကို ကြားလိုက်ရပြီးနောက် စူးရီရှန်းက ရုတ်တရက် အသိဝင်သွားခဲ့၏။ သူ၏ အော်ရာက တဖြည်းဖြည်း လျော့ကျသွားခဲ့ပြီး ပျောက်ကွယ်သွားသည်။

စူးရီရှန်း၏ ကောင်းကင်ခွဲလက်ဝါး ရပ်တန့်သွားသည်ကို မြင်သော် ယီယွမ် က စိတ်သက်သာရာ ရမသွားသည့်အပြင် သူ၏ မျက်နှာက ပို၍ လေးနက်တည်ကြည်သွားခဲ့၏။

မိုးကောင်းကင်အဆင့် ကျောင်းသားများက အလိုအလျောက် ပင် လမ်းဖွင့်ပေးလိုက်ကြပြီး ပရိတ်သတ်များအကြားမှ စူးယူဘိုင် က လျှောက်လာခဲ့သည်။

လူတိုင်းက မှင်တက်သွားကြ၏။ စူးရီရှန်းကို ရုတ်တရက် တားဆီးလိုက်သူက အမှန်တကယ် ပင် စူးယူဘိုင် ဖြစ်နေခဲ့၏။

ဘာဖြစ်သွားတာလဲ...စူးယူဘိုင် က ယီယွမ် သေဖို့ အမြဲစဉ်းစားနေတာ မဟုတ်ဘူးလား...သူ့ရဲ့ပုံစံက ဘာလို့ ရုတ်တရက် ပြောင်းလဲသွားတာလဲ…..

စူးယူဘိုင် က ယီယွမ် နှင့် အခြားသူနှစ်ယောက် ရှေ့သို့ ဖြည်းဖြည်းချင်း လျှောက်သွားခဲ့သည်။ စူးရီရှန်း နှင့် ဝူလျှိုချန် က အသီးသီး အရိုအသေပေးလိုက်ကြပြီး “အကြီးအကဲစူး” ဟု ခေါ်ဆို နှုတ်ဆက်လိုက်ကြ၏။ ယီယွမ်တစ်ဦးတည်းကသာ မတုန်မလှုပ် ရပ်နေခဲ့ပေသည်။

“ဟမ့်...,မင်းကငါ့ကိုတွေ့ရင် နှုတ်ဆက်ရမယ်ဆိုတာမသိဘူးလား…လေးစားမှုမရှိလိုက်တာ……,”ယီယွမ်၏အမူအရာကိုမြင်သော် စူးယူဘိုင်၏မျက်နှာက တင်းမာသွားခဲ့၏။

ယီယွမ်က တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်သည်။ “ကျွန်တော်က ကောင်းကင်ဘုံကိုးခုလျှောက်လမ်း ကို ဖြတ်ကျော်ခဲ့ပြီဖြစ်လို့ ငြိမ်သက်တိမ်တိုက်အဖွဲ့ရဲ့ အတွင်းစည်းတပည့်နဲ့ တူညီတဲ့ အဆင့်အတန်းရှိနေပြီလေ...ငြိမ်သက်တိမ်တိုက်အဖွဲ့ ရဲ့ အတွင်းစည်းတပည့် က အပြင်ဘက်အဖွဲ့ရဲ့ အကြီးအကဲအဆင့်ထက် မြင့်မားတယ်...နှုတ်ဆက်ရမဲ့သူက အကြီးကဲစူးမဟုတ်လား…..”

 ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Where stories live. Discover now