ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ -ဖြိုးသူဝင်း
Chapter 50
အကယ်ဒမီ၏ စည်းမျဉ်းစည်းကမ်းများအရ ကျောင်းသားများသည် သူတို့၏ ခိုင်မာတောင့်တင်းသော နောက်ခံအသိုင်းအဝိုင်းများရှိသော်လည်း နောက်လိုက်များ တရားဝင်ထားပိုင်ခွင့်မရှိပေ။လျူအာက ယာယီအဖြစ် ရက်အနည်းငယ်နေခြင်းမှာ ကိစ္စမရှိသေးသော်လည်း တရားဝင်နေထိုင်ရန် မကြိုးစားလျှင် အကယ်ဒမီက ခွင့်လွှတ်မည်မဟုတ်ပေ။
"ဒီမိန်းကလေးလား??အသက်ငယ်ငယ်နဲ့ အဆင့်(3)ချီစွမ်းအင်အဆင့်ကို ရောက်နေပြီပဲ....သူမကို ဝင်ခွင့်စစ်ဆေးခြင်း ဖြေဆိုနိုင်ဖို့ ငါထောက်ခံပေးမယ်.....မနက်ဖြန် မင်းနဲ့တူတူ သူမကို ခေါ်လာခဲ့လေ....."ဟုရန်ယွမ် က ခေါင်းငြိမ့်၍ ယီယွမ်အားပြောဆိုလိုက်သည်။
ဟုရန်ယွမ်၏ ကျင့်စဉ်အဆင့်အရ လျူအာ၏ လက်ရှိခွန်အားကို တစ်ချက်ကြည့်ရုံဖြင့် သိနိုင်ပေ၏။
လျူအာက ယီယွမ်ထက် အသက်တစ်နှစ်ငယ်ပေ၏။ထိုအသက်အရွယ်ဖြင့် အဆင့်(3)ချီစွမ်းအင်အဆင့် သို့ ရောက်ရှိနေသည်မှာ ကောင်းမွန်သောအရည်အချင်းဖြစ်သည်။ထို့ကြောင့် ဟုရန်ယွမ်က အလွယ်တကူ ထောက်ခံပေးမည်ဟု ပြောလိုက်ခြင်းဖြစ်သည်။
သို့သော် လျူအာက အဆင့်(3)ချီစွမ်းအင်အဆင့်သို့ ရောက်ရှိရန် အချိန်တစ်လနီးပါးသာ ယူခဲ့ရသည်ကို ဟုရန်ယွမ် သာ သိရှိခဲ့ပါက သူမည်သို့ တွေးတောရမည်ကို သိနိုင်မည်မဟုတ်တော့ပေ။
အမှန်တကယ်လည်း လျူအာ၏ ကျင့်ကြံနှုန်းကြောင့် ယီယွမ်ပင် အံ့ အားသင့်ခဲ့ရသည်။
သူမက အဆင့်(1)ချီစွမ်းအင်အဆင့် သို့ ရောက်ရှိရန် အချိန်တစ်ညသာ ယူခဲ့ရ၏။ထို့နောက် ငါးရက်အကြာတွင် ယီယွမ်၏ ယွမ်ပြိုကွဲပေါက်ထွက်ဆေးလုံး အကူအညီဖြင့် သူမက အဆင့်(2)ချီစွမ်းအင်အဆင့် သို့ အောင်အောင်မြင်မြင်ကျော်ဖြတ်သွားနိုင်ခဲ့၏။
ယမန်နေ့ညက အဆင့်အမြင့်ဆုံးအဆင့် ချီစွမ်းအင်ဆေးလုံးများ ကို မှီဝဲပြီးနောက် လျူအာကယီယွမ်နှင့် အဆင့်တူဖြစ်သော အဆင့်(3)ချီစွမ်းအင်အဆင့် သို့ ရောက်ရှိသွားခဲ့လေသည်။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...