ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ -ဖြိုးသူဝင်း
Chapter 58
ဝူလျိုချန် ထွက်ခွာသွားပြီးနောက် လူအများအပြားက ယီယွမ်ကို ဂုဏ်ပြုစကားပြောဆိုခဲ့ကြသည်။
ယခုစစ်ဆေးခြင်းပြီးနောက် ယီယွမ်၏ နာမည်မှာ အကယ်ဒမီတွင် ဂျီးနီးယပ် တစ်ဦးအဖြစ် အဆင့်အတန်းမြင့်တက်သွားခဲ့၏။
အနာဂတ်တွင် သိုင်းပညာလမ်းစဉ်သို့ရောက်ရှိမည့် ထူးချွန်သူတစ်ဦးနှင့် မိတ်ဆွေဖွဲ့ရန်မှာ လိုအပ်သောအရာပင်ဖြစ်သည်။
သူက အဆင့်(4)ချီစွမ်းအင်အဆင့် ဖြင့် အဆင့်(8)ချီစွမ်းအင်အဆင့် ဖိုက်တာငါးယောက် ကို သတ်ဖြတ်နိုင်ခဲ့ရာ ထိုစွမ်းအားမျိုးဖြင့် ယီယွမ်က အဆင့်(7)ချီစွမ်းအင်အဆင့် သို့ ရောက်ရှိသွားပါက သူ၏ ခွန်အားက မည်သို့ကြောက်စရာကောင်းမည်ကို တွေးကြည့်ပါက အလွယ်တကူသိရှိနိုင်၏။
ယီယွမ်က အဆင့်(7)ချီစွမ်းအင်အဆင့် သို့ ရောက်ရှိချိန်တွင် သူက မြေကမ္ဘာအဆင့်စမ်းသပ်စစ်ဆေးခြင်း ကို အောင်မြင်နိုင်မည်လား ဆိုသည်ကို မည်သူက သိနိုင်မည်နည်း။
သို့သော် ယီယွမ်အား နှုတ်ဆက်ရန် လာရောက်ကြသည့် ကျောင်းသားအများစုမှာ မိုးကောင်းကင်အဆင့် ကျောင်းသားများဖြစ်ကြ၏။ယီယွမ်ကဲ့သို့ ဂျီးနီးယပ် တစ်ယောက်နှင့် နှိုင်းယှဉ်လျှင် အခြားမြေကမ္ဘာအဆင့် ကျောင်းသားများမှာ အသုံးမဝင်ပေ။
အပြုံးမျက်နှာဖြင့်ပင် ယီယွမ် က မိုးကောင်းကင်အဆင့် ကျောင်းသားများ၏ နှုတ်ဆက်စကားပြောဆိုမှုကို လက်ခံစကားပြောနေခဲ့သည်။
ယီယွမ်နှင့် အခြားသူများ နှုတ်ဆက်စကားပြောဆိုနေကြသည်ကို ကြည့်၍ လင်ထန်းချန် က စိတ်ညစ်နေခဲ့၏။
စောစောက ယီယွမ်ကို သူက အမှိုက်ကောင်ဟု ခေါ်ခဲ့သည်မှာ ရယ်စရာကောင်းခဲ့ပြီး စစ်ဆေးခြင်းအပြီးတွင် အခြေအနေများ ပြောင်းလဲသွားကာ ယီယွမ်က မိုးကောင်းကင်အဆင့် ကျောင်းသားများကြားတွင် နာမည်ကြီးလာခဲ့ပြီး ကျောင်းသားအားလုံး၏ မျက်လုံးထဲတွင် ယီယွမ်က ဂျီးနီးယပ် တစ်ယောက် ဖြစ်လာခဲ့သည်။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...