Chapter 75

3.1K 440 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ်(7)

Chapter-75

“ ဟုတ်ပြီလေ...မင်းက ဘယ်လို အဆင့်(2)ဆေးလုံးမျိုးကို ဖော်စပ်နိုင်မယ်ဆိုတာ ငါတွေ့ချင်လာပြီ...ဒီအချိန်မှာ အဟန့်အတားဖြစ်စေမဲ့ ဆေးဖက်ဝင်ပစ္စည်းအများကြီးကို မယူတာပိုကောင်းမယ်နော်…..”

ဝမ်ယွမ်က ယီယွမ်အား စိတ်ကသိကအောက်ဖြစ်စေရန် ရည်ရွယ်လိုက်သည်။

သို့ရာတွင် ယီယွမ်က ဆေးလုံး ဖော်စပ်နိုင်မည်ဟု မယုံကြည်ခဲ့ပေ။ အကယ်၍ သူက မှော်ဆေးပညာကို သိလျှင်ပင် အဆင့်(2)ဆေးလုံးကို ဖော်စပ်ရန် လုံးဝ မဖြစ်နိုင်ပေ။

ယီယွမ်က အဆင့်(2)ဆေးလုံးကို ဖော်စပ်နိုင်ခြင်း မရှိလျှင် အရာအားလုံးက ပို၍ ကောင်းမွန်သွားပေမည်။

ထိုအချိန်တွင် ယီယွမ်က မှော်ဆေးပညာရှင်အဖွဲ့အစည်း၏ ဂိတ်ဝသို့ တစ်ခါတည်း ကန်ထုတ်ခံရပေမည်။

“ မင်းက မင်းရဲ့ ဥာဏ်ရည်ကိုပဲ စိုးရိမ်တာ ပိုကောင်းမယ်...ငါ့ကိစ္စတွေကို လိုက်ပြီး စိုးရိမ်မနေနဲ့…..”

ထိုစကားများကို ပြောပြီးသည်နှင့် ယီယွမ်က ဝမ်ယွမ်ကို လျစ်လျူရှုခဲ့ပြီး ဆေးဖက်ဝင်ပစ္စည်းသိုလှောင်ရုံ ဆီသို့ ဦးတည်သွားခဲ့၏။

သူက ဖိန်လျှိုချင်၏ အနီးမှ ဖြတ်သွားချိန်တွင် ရုတ်တရက် ပြုံးပြလိုက်ပြီး စကားတိုးတိုးပြောလိုက်သည်။ “ ခဏနေရင် သေချာကြည့်ထားနော်...အကြည့်မလွတ်စေနဲ့…..”

ဖိန်လျှိုချင်က ယီယွမ်ကို စိတ်ရှုပ်စွာ ကြည့်လိုက်၏။ သို့သော် ယီယွမ်က ဆေးဖက်ဝင်ပစ္စည်းသိုလှောင်ရုံ အတွင်းသို့ ဝင်သွားခဲ့ပေပြီ။

သူက ယင်-ယန်ခွဲဖြာစီးဆင်းနည်းပညာရပ် ကို အသုံးပြုမလို့လား...ဒါကြောင့် ငါ့ကို အာရုံစိုက်ဖို့ ပြောတာထင်တယ်...သူက တကယ်ပဲ ယင်-ယန်ခွဲဖြာစီးဆင်းနည်းပညာရပ် ကို သိနေတာလား…..

မူလက ဖိန်လျှိုချင်သည် ယီယွမ်နောက်တွင် စွမ်းအားမြင့်မားသော ဆရာတစ်ယောက်ရှိသည်ဟုသာ ထင်ထားခံ၏။ ထို့ကြောင့်သာ ယီယွမ် က ထိုမျှ မြင့်မားသော သီအိုရီဆိုင်ရာ ဗဟုသုတ များ ရှိနေခဲ့ခြင်း ဖြစ်ပေမည်။

 ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Where stories live. Discover now