Chapter 76

3.2K 479 3
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ်(7)

Chapter-76

“ သူက ဆေးဖက်ဝင်ပစ္စည်းတွေ ဘယ်လို ပြင်ဆင်ရမလဲဆိုတာကိုတောင် မသိတဲ့ လူပြိန်းတစ်ယောက်မဟုတ်လား...ယင်-ယန်ခွဲဖြာစီးဆင်းနည်းပညာရပ် ကို ဘယ်လိုအသုံးပြုရမယ်ဆိုတာ ဘာကြောင့်သိနေရတာလဲ…..”

ဆေးဖက်ဝင်ပစ္စည်းများ ပြင်ဆင်ခြင်းသည် မှော်ဆေးပညာရှင်များအကြားတွင် လုပ်နေကြဖြစ်သော အလေ့အကျင့်တစ်ခုဖြစ်သည်။ မှော်ဆေးပညာရှင်ဂရန်းမာစတာ တစ်ယောက်ဖြစ်သော ဝမ်ဂျင်ဖူ ပင် ထိုအဆင့်ကို ကျော်၍ လုပ်ဆောင်ခြင်းမရှိပေ။

သူ၏ ကျင့်စဉ်အဆင့်နှင့် မှော်ဆေးပညာရှင်အင်ပါယာတစ်ယောက် ဆေးဖော်စပ်သည်ကို နားလည်ရန် မဖြစ်နိုင်ပေ။

ထို့ကြောင့် ဝမ်ဂျင်ဖူ ၏ စိတ်ထဲတွင် ယီယွမ်ကို လူပြိန်းတစ်ယောက်အဖြစ် ယူဆထားခဲ့ခြင်းဖြစ်သည်။

“ သူ သိသည်ဖြစ်စေ၊မသိဘူးဖြစ်စေ ဆက်ကြည့်နေရင် အကြီးအကဲ က မြင်တွေ့ရတော့မှာပဲလေ...ရိုးရိုးသားသား ဝန်ခံရမယ်ဆိုရင် ကျွန်မကလည်း အဲဒါကို စောင့်နေတာပါ…..” ဖိန်လျှိုချင်က ပြုံး၍ ပြောလိုက်၏။

ဝမ်ဂျင်ဖူတို့စကားပြောနေသည်ကို လူတိုင်းကြားလိုက်ရ၏။ ကျောင်းသားများက သူတို့အချင်းချင်း တီးတိုးပြောနေခဲ့ကြသည်။

“ ယင်-ယန်ခွဲဖြာစီးဆင်းနည်းပညာရပ် ဟုတ်လား...အဲဒါ ဘာကြီးလဲ…..”

“ မသိဘူးလေ...တစ်ခါမှ မကြားဖူးဘူး…..”

“ ငါလဲ ခေါင်းရှုပ်လာပြီ...ယီယွမ်က တကယ်လုပ်နေတာလား...ဒါမှမဟုတ် ငါတို့ကို လှည့်စားနေတာလား…..”

“ လှည့်စားနေတာပဲ ဖြစ်မှာပါ...သူက ဆေးဖက်ဝင်ပစ္စည်းတွေ ဘယ်လိုပြင်ဆင်ရလဲဆိုတာကိုတောင် မသိဘူးလေ…..”

“ အင်းအင်း...ငါလဲ ဒီလို ထင်ပါတယ်…..”

အခြားသူများက ယင်-ယန်ခွဲဖြာစီးဆင်းနည်းပညာရပ် ကို မသိကြသော်လည်း ဝမ်ယွမ်က သိရှိပေ၏။ သူက သေသေချာချာ သိရှိထားခဲ့၍ ဝမ်ယွမ်၏ စိတ်အတွင်းမှ အထင်သေးမှုက ပို၍ ကြီးမားလာပေသည်။

 ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Where stories live. Discover now