ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
စာစဉ်(12)
Chapter-141
ယီယွမ်က လှမ်းကြည့်လိုက်ချိန်တွင် ထိုအသံက တောင်ပိုင်းတောင်ကြော သူရဲကောင်းလေးဖော် မှ တတိယညီလေး ထံမှ ထွက်လာခြင်း.ဖြစ်ကြောင်း တွေ့ခဲ့ရသည်။
သူ၏ လက်မောင်းတစ်ဖက်ကို ချန်းဂျိချူက ဖြတ်သွားခဲ့ပြီး ဓားသွားတွင်လည်း သေစေနိုင်လောက်သော အဆိပ်သုတ်လိမ်းထားခဲ့ရာ ယခုအချိန်တွင် ထိုအဆိပ်က သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားပြီဖြစ်၏။
အဆိပ်ဖြေဆေးကို ချန်းဂျိချူ က အမြဲတမ်း သိမ်းဆည်းထားခဲ့၍ သူက တတိယညီလေးကို လျစ်လျူရှုထားခဲ့ခြင်းဖြစ်သည်။
တောင်ပိုင်းတောင်ကြော တတိယညီလေးက ယီယွမ် ၏ ခွန်အားကို မှင်တက်နေရန် အချိန်မရှိခဲ့ပေ။ သို့သော် ယီယွမ်က အဆိပ်ဖြေဆေးကို သောက်သုံးခဲ့၍ အသက်ရှူမှုတစ်ရာအလောင်းကောင် အဆိပ်က အမှန်တကယ် အသုံးမဝင်ခဲ့တော့သည့် အဖြစ်ကို ပြန်လည်သတိရမိသွားခဲ့၏။
ယခုအချိန်၌ ယီယွမ်တစ်ဦးတည်းကသာ သူ့အား ကယ်ဆယ်နိုင်ပေသည်။
ယီယွမ်က တောင်ပိုင်းတောင်ကြော တတိယညီလေး ကို သနားနေသည့် အကြည့်ဖြင့် ကြည့်လိုက်ရင်း ပြောခဲ့သည်။ “ကောင်းကင်ဘုံက အန္တရာယ် ကို ခုခံကာကွယ်လို့ ရသေးတယ်...လူသားတွေရဲ့ စိတ်ထဲက ကောက်ကျစ်ယုတ်မာမှုတွေက ပယ်ဖျောက်ဖို့ အခက်ခဲဆုံးပဲ...ခင်ဗျားတို့အားလုံးက အခြားသူတွေကို ချောင်းမြောင်းလုပ်ကြံဖို့ အတွေးရှိနေကတည်းက ခင်ဗျားတို့ကိုယ်တိုင်လည်း အသတ်ခံရဖို့ ပြင်ဆင်ထားသင့်တယ်...ပြီးတော့ ခင်ဗျားရဲ့ ညီအစ်ကိုတွေ ရဲ့ လက်ထဲမှာ သေဆုံးရတာမို့ ခင်ဗျားက အေးအေးဆေးဆေး သေဆုံးလို့ရပါပြီ…..”
စောစောက ယီယွမ်သည် ဘေးမှ အေးစက်စွာ ရပ်ကြည့်နေခဲ့၍ ထိုလေးဦးထဲတွင် လူကောင်းသူကောင်း တစ်ဦးမှ မရှိကြောင်း တွေ့မြင်သွားခဲ့၏။
ယီယွမ်က အတွေ့အကြုံမရှိသည့် လူတစ်ဦးမဟုတ်ပေ။ထို့ကြောင့် သူက ဤသို့သော အမှားသေးသေးလေးတစ်ခုကိုပင် လုပ်ဆောင်ခဲ့ခြင်း မရှိပေ။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...