ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
စာစဉ်(၇)
Chapter-72
ဖိန်လျှိုချင်၏ နူးညံ့သော စကားသံတလျှောက်လုံးတွင် ဖိန်ဇီရို၏ ထိတ်လန့်အံ့အားသင့်မှုက ပို၍ ကြီးမားလာခဲ့သည်။
ယီယွမ်စောစောက ပြောခဲ့သည့်စကားများမှာ ဖိန်လျှိုချင် ယခုပြောသည့်စကားနှင့် တူညီနေ၏။
ကြေးမုံပေါ်တွင် ဆေးဖက်ဝင်ပစ္စည်းသိုလှောင်ရုံ ကိုသာ ပြသနိုင်ပြီး ထိုဆေးဖက်ဝင်ပစ္စည်းများကို ပီပီပြင်ပြင် မမြင်ရပေ။ဖိန်ဇီရိုအပါအဝင် လူအများစုက ထိုပစ္စည်းများကို ခန့်မှန်းနိုင်ခြင်းမရှိပေ။
သို့သော် ယီယွမ်က ပုံရိပ်ဖော်ကြေးမုံကိုသာ ကြည့်၍ ထိုမိန်းကလေးနှစ်ယောက် ဖော်စပ်သည့် ဆေးလုံးများကို အမှန်တကယ် ခန့်မှန်းနိုင်ခဲ့သည်။
သူက ဒါကို ဘယ်လိုလုပ်နိုင်ခဲ့တာလဲ.....
" ဟားဟား...ငါတို့အဖိုးကြီးနှစ်ယောက် အပြစ်တင်မှာကို စိတ်ပူမနေပါနဲ့...ကိစ္စတစ်ခုရှိရင်ပြောပါ...ငါတို့က အဲလောက်ထိ သဘောထားမသေးပါဘူး...ငါက အဖိုးကြီးစွန်း နဲ့ ယှဉ်ပြိုင်နေတာဖြစ်လို့ အနိုင်ရသူကို သိဖို့လိုတယ်...ဖန်းအာနဲ့ ကီယွန် ဖော်စပ်တဲ့ဆေးတွေက စွမ်းရည်ကွာခြားမှု ရှိမှာပဲ...ဖိန်မိန်းကလေးက စိတ်ပူမနေဘဲ အဖြေကိုပြောပေးပါ....."
ဝမ်ဂျင်ဖူက ဖိန်လျှိုချင် မှာ နှစ်ဖက်စလုံးကို အပြစ်မပြောချင်၍ မိန်းကလေးနှစ်ယောက်၏ ပြိုင်ပွဲကို သရေကျကြောင်း ပြောခဲ့သည်ကို သိရှိနေခဲ့၏။
အမှန်တကယ်တွင် လူနှစ်ဦး၏ မှော်ဆေးပညာတာအိုအဆင့်အတန်း မည်မျှပင် တူညီသော်လည်း နောက်ဆုံးတွင် ဖော်စပ်လိုက်သော ဆေးလုံးက ထပ်တူညီရန် မဖြစ်နိုင်ပေ။အဘယ်ကြောင့်ဆိုသော် အကြောင်းအရာမျိုးစုံက နောက်ဆုံးအဆင့်ဖြစ်သည့် ဆေးလုံးအပေါ်တွင် အကျိုးသက်ရောက်သွား၍ ဖြစ်သည်။
ဖိန်လျှိုချင် က အပြုံးဖျော့လေးတစ်ခုကို ပြုံးပြလိုက်ပြီး ထပ်မံပြောကြားလိုက်၏။ " ဒါဆိုရင် အကြီးအကဲဝမ် နဲ့ အကြီးအကဲ စွန်း က ကျွန်မကို အပြစ်မတင်ဘူးမလား....."
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...