ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
စာစဉ် (၁၄ )
Chapter-160
“ဘယ်လိုလဲ...အထင်သေးနေခဲ့တယ်ပေါ့ ဟုတ်လား…..”
နန်ဖိန်ဇီရိုက ပါးစပ်အဟောင်းသားဖြစ်နေသော စူးရီရှန်းကိုကြည့်၍ သူမကိုယ်တိုင်အဆင့်တက်သွားခဲ့သလို အလွန်ဝမ်းသာကျေနပ်နေခဲ့ပုံရပေသည်။စူးရီရှန်းက အမှန်တကယ်စိတ်ရှုပ်ထွေးသွားခဲ့၏။
ယီယွမ်စုပ်ယူခဲ့သော ကိုယ်တွင်းစွမ်းအင်များက အခြားသူများထက် အဆပေါင်းများစွာ ပိုနေပေသည်။
ဤမျှ များပြားလှသော ကိုယ်တွင်းစွမ်းအင်ပမာဏဖြင့်ပင် သူ၏ဒန်တျန်က ပေါက်ကွဲထွက်ခြင်းမရှိခဲ့ပေ။
ယီယွမ်က မွေးလာတုန်းကတည်းက သာမန်လူတွေထက် အဆပေါင်းများစွာပိုပြီးကြီးမားတဲ့ ဒန်တျန်နဲ့မွေးဖွားလာခဲ့တဲ့ လူတစ်ယောက်လား…..
ဘယ်လိုဟာသမျိုးလဲကွာ…..
ဒီဟာကဂျီးနီးယပ်တစ်ယောက်မဟုတ်တော့ဘူး...လူထူးလူဆန်းတစ်ယောက်ဖြစ်သွားပြီ...ယီယွမ်ရဲ့အမူအရာကိုကြည့်ရတာ သူ့ရဲ့ဒန်တျန်က သူများတွေထက် အဆပေါင်းများစွာ ပိုပြီးကြီးမားတဲ့ပုံစံလည်း မပေါက်ပါဘူး…..ဒါပေမဲ့ လောကကြီးကသူ့ကို ဘယ်လိုလုပ်ပေးလိုက်တာလဲ…..
“ဟေး...ယီယွမ်ဖြစ်ပေါ်စေခဲ့တဲ့ စိတ်ဝိညာဉ်အရည် ဘယ်နှစ်စက်ရှိမလဲဆိုတာ ခန့်မှန်းကြည့်ချင်လား...ငါခန့်မှန်းကြည့်ရတာ အဲဒါကခုနှစ်စက်ဖြစ်လိမ့်မယ်...ရှစ်စက်လည်း ဖြစ်ရင်ဖြစ်နိုင်တယ်…..”
ထိုစကားကိုကြားသော် အမြီးတက်နင်းခံလိုက်ရသော ကြောင်တစ်ကောင်ကဲ့သို့ စူးရီရှန်းက ထခုန်လိုက်ပေသည်။ “ရှစ်စက်ဟုတ်လား...ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ...ငါတို့ချင်နိုင်ငံကိုအသာထား ငြိမ်သက်တိမ်တိုက်အဖွဲ့ရဲ့ နယ်မြေဒေသတစ်ခုလုံးမှာ အမြင့်မားဆုံးမှတ်တမ်းက ခြောက်စက်ပဲ...ယီယွမ်က ဘယ်လောက်ပဲ မွန်းစတားဆန်နေပါစေ ခုနှစ်စက်ဆိုတာ အမြင့်ဆုံးပမာဏပဲ...ဘယ်လိုလုပ်ပြီး ရှစ်စက်က ဖြစ်နိုင်မှာလဲ…..”
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...