ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ -ဖြိုးသူဝင်း
Chapter 19
ယီယွမ်က သူ၏အဖေနာမည်ကို ထည့်ပြောလိုက်သောအခါ ထန်ယု၏ မျက်လုံးများ အရောင်တောက်ပသွားခဲ့သည်။ယီဟန်သာ ကုသပေးမည်ဆိုပါက သူ့ဖခင်၏ ဒဏ်ရာများမှာ ကုသ၍ ပျောက်ကင်းနိုင်ပေမည်။
"တကယ်လား??"
"တကယ်ပေါ့...မင်း မယုံကြည်ဘူးဆိုရင် ငါတို့ စာချုပ်ချုပ်ရအောင်လေ...."
ထန်ယုက တစ်ခြားသူများကို မယုံကြည်ခြင်းက မကောင်းမှန်းသိသော်လည်း သူ့ဖခင်၏ အခြေအနေအရ မည်သည့်အရာကိုမှ ဂရုမစိုက်နိုင်တော့ပေ။ထို့ပြင် ယီယွမ်၏ စကားများအရ သူတို့ကို ဒုက္ခ ပေးမည်မဟုတ်ပေ။သူ၏ဖခင် အသက်ရှင်သန်ပါက "ယီသခင်လေး"ကို အနူးအညွတ်တောင်းပန်ရပေလိမ့်မည်။
ဆုံးဖြတ်ချက်ချပြီးနောက် ထန်ယုက အရိုအသေပေးရင်း ပြောလိုက်သည်။"ဒါဆိုလဲ ကျနော်က ယီသခင်လေး ကို ဒုက္ခပေးမိပါပြီ..."
လက်ကိုဝှေ့ယမ်း၍ယီယွမ်ပေါ့ပေါ့ပါးပါးပြောလိုက်၏။"ကိစ္စမရှိပါဘူး.....ဆိုင်ရှင်ကြီး.... စာချုပ်ချုပ်ဖို့ ကျနော့်ကို ကူညီပေးပါဦး....."
ဆိုင်ရှင်က အချိန်မဆိုင်းဘဲ စာရွက်နှင့် စုတ်တံကို စာချုပ်ချုပ်ရန်ယူဆောင်လာခဲ့၏။စာချုပ်ပေါ်တွင် ယီယွမ်နာမည်နှင့် လတ်မှတ်ကို တွေ့ရမှသာ ထန်ယု စိတ်အေးသွားခဲ့သည်။
ထွက်ခွာသွားပြီဖြစ်သော လူငယ်နှစ်ယောက်၏ နောက်ကျောကို အဝေးမှကြည့်နေပြီးနောက် ဆိုင်ရှင်က တစ်စုံတစ်ရာ ထူးဆန်းနေသလို ခံစားနေရသည်။ယီယွမ်အကြောင်း တစ်ခြားသူများထက် သူပို၍ သိထားပြီး အသက်အန္တရာယ်နဲ့ရင်ဆိုင်ရပြီး လွတ်မြောက်၍ ရင့်ကျက်လာခဲ့လျှင်ပင် ထိုသို့ လွယ်လွယ်ကူကူပြောနိုင်စွမ်း ယီယွမ်ထံတွင် မရှိပေ။
မြို့တော်ရှိမြေနေရာတိုင်းသည် တစ်လက်မကို ရွှေကဲ့သို့ အဖိုးတန်လှသည်။သာမန်လူများထက် မိစ္ဆာသားရဲမုဆိုးများသည် ဝင်ငွေများပြားသော်လည်း ထန်ဇောင်ဟွာသည် တန်ကြေးကြီးသော အိမ်ကြီးအိမ်ကောင်း ကို ပိုင်ဆိုင်ခြင်းမရှိဘဲ သူ၏သား သိုင်းကျင့်ရန်အတွက် ထောက်ပံ့ပေးနေခဲ့သည်။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...