ပြိုင်ဘက်ကင်းဆေးနတ်ဘုရားဘာသာပြန်သူ-ဖြိုးသူဝင်း
Chapter- 5
လူသန်ကြီးသည် ထိုအခြေအနေဖြစ်လာမည်ဟု ထင်မှတ်ထားခြင်းမရှိခဲ့ပေ။သူ မည်သို့ လုပ်ရမည်မှန်း မသိခဲ့ဘဲ မတ်တပ်ရပ်ခဲ့သည်။ဘာကြောင့် သူတို့အချင်းချင်း ရန်ဖြစ်နေရတာလဲ?...
ချင်မြောင်၏ အဆင့်အတန်းမှာ ယီဟန်နှင့် မနှိုင်းယှဉ်နိုင်သေးသော်လည်း သင်းရနံ့ ဆေးဂေဟာတွင် မာစတာတစ်ဦးပင်ဖြစ်သည်။ကျော်ကြားတဲ့ မာစတာတစ်ယောက်ကို ကလေကချေကောင်က နားရွက်တံတွေး ဆွတ်လိုက်တာပဲ.....ရူးနေသောသူပင် မည်သူမှန်သလဲဆိုတာကို သိနိုင်သည်။
လူသန်ကြီးသည် ထိုလူငယ်လေး မည်သူဖြစ်ကြောင်းမသိခဲ့သော်လည်း ချင်မြောင်၏ အမျက်ထွက်သောစကားများကို ကြားပြီးနောက် နားလည်လာခဲ့ပေသည်။ထိုလူငယ်လေးကား မာစတာယီ၏ ညံဖျင်းလွန်းသော သားပင်ဖြစ်ခဲ့သလား?....
မိစ္ဆာသားရဲမုဆိုးတစ်ယောက်အနေဖြင့်မြို့တော်တွင် ဖြစ်ပျက်နေသော ကိစ္စရပ်များကို အမြဲသိရှိနေခဲ့သည်။ထို သခင်လေး၏ ကျော်ကြားမှုသည် မာစတာချင်၏ ကျော်ကြားမှုထက် ပို၍ ကြီးမားပေသည်။
"ဒီငပျင်းကောင်က မာစတာချင်ရဲ့ ဆေးညွှန်းကို မေးခွန်းထုတ်ရဲတယ်ပေါ့?...အဲ့ဒီကလေကချေကသေလောက်အောင်ပျင်းနေလို့များ ဒီကိုလာပြီး ငါ့အသက်ကို ရန်ရှာတာလား?...."
ထိုသို့တွေးတောပြီးနောက် လူသန်ကြီးသည်
ရုတ်တရက်ဒေါသထွက်လာခဲ့သည်။သူသည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ အကြောင်းမဲ့ထိခိုက်စေခြင်းမရှိခဲ့ပေ။ဒီကလေကချေကောင်က ငယ်ငယ်လေးနဲ့ အလွန်ယုတ်မာတဲ့ စိတ်ဓာတ်ရှိနေတာပဲ!!."ညီလေး မာစတာချင်က ငါ့ကိုကုသပေးနေတယ်.....ကျေးဇူးပြု၍ မနှောင့်ယှက်ပါနဲ့လားကွာ....."လူသန်ကြီးက တိုးတိုးလေးပြောခဲ့၏။သူ၏ စကားများမှာ ယဉ်ကျေးသော်လည်း သူတို့ကို အဝေးသို့သွားရန် တိကျသော ရည်ရွယ်ချက်ပါရှိပေသည်။
"ဟေး...စစ်သည်တော်ကြီး ....ငါမင်းကို ခဏလောက်ဒုက္ခခံပြီးစောင့်နေစေချင်တယ်.....ငါ ,ချင်မြောင် ဟာ ဆေးဖော်စပ်ခြင်းတာအိုမှာ ဘဝတစ်ခုလုံး မြှုပ်နှံထားခဲ့တယ်.....မရေမတွက်နိုင်တဲ့ လူသားတွေနဲ့ သိုင်းပညာရှင်တွေကို ကုသပေးခဲ့ပေမယ့် တစ်ယောက်ကိုမှ အန္တရာယ်မဖြစ်စေခဲ့ဘူး.....ယီယွမ်... မင်းပြောသလို ငါက သူ့ကို ဘယ်လိုလုပ် အန္တရာယ်ဖြစ်စေမှာလဲ?....."
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...