ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
စာစဉ် ( ၁၅ )
Chapter-171
“ဘာဖြစ်တာလဲ… အဲဒီကျားဖြူငယ်လေးနဲ့ပတ်သက်ပြီး ဘာတွေမှားနေလို့လဲ…..” နန်ဖိန်ဇီရို၏နှလုံးသားက အောက်သို့ထိုးကျသွားခဲ့ပြီး(ဆိုလိုတာက ချောက်ထဲကျသလို အေးခနဲဖြစ်သွားတာကို ဆိုလိုတာပါ) ချက်ချင်းမေးမြန်းလိုက်ပေသည်။
ယီယွမ်က သူမ၏စကားကို ပြန်မပြောဘဲ ကျားဖြူငယ်လေးကို ဖင်ပြန်ခေါင်းပြန်အကြိမ်ကြိမ်အခါခါ ကြည့်ရှုလိုက်ပြီး နတ်ဘုရားစိတ်အာရုံကို အသုံးပြု၍ စူးစမ်းကြည့်လိုက်သည်။ သူ၏မျက်နှာအမူအရာကလည်း ပို၍တည်ငြိမ်လာခဲ့၏။
နန်ဖိန်ဇီရိုက စိတ်မရှည်တတ်သောသူတစ်ယောက်ဖြစ်၏။ ယီယွမ်က အချိန်အတော်ကြာလှည့်ပတ်ကြည့်ရှုနေပြီး တစ်စုံတစ်ရာမှ ပြန်လည်ပြောဆိုခြင်းမရှိဘဲ သူ၏မျက်နှာအမူအရာက ပို၍ပျက်ယွင်းလာသည်ကို မြင်သော် သူမက စိတ်မရှည်တော့ဘဲ မေးမြန်းလိုက်ပေသည်။ “ဘာဖြစ်နေတာလဲလို့… ပြောဦးလေ… စိတ်မရှည်တော့ဘူး… နင်ကငါ့ကိုစိတ်ပူပြီးသေအောင်လုပ်နေတာပဲ… အဲဒီအကောင်လေးသေသွားတာတော့မဟုတ်ပါဘူးနော်… ဟုတ်တယ်မလား…..”
ထိုအချိန်မှသာ ယီယွမ်ကနန်ဖိန်ဇီရိုကိုကြည့်၍ နှောင့်နှေးနေသည့်ဟန်ဖြင့် ပြောလိုက်၏။ “ဘာလဲ… သေမယ်ဟုတ်လား… သူကပိုပြီးတောင် ကောင်းမွန်လာသေးတယ်…..”
နောက်ဆုံးတွင်နန်ဖိန်ဇီရိုက စိတ်သက်သာရာရသွားသည့်ဟန်ဖြင့် သက်ပြင်းချလိုက်ပြီး ချက်ချင်းပင် စိတ်တိုနေသည့်အသံဖြင့် ပြောဆိုလိုက်သည်။ “အဲဒီအကောင်လေးက အဆင်ပြေတယ်ဆိုရင် နင်ကဘာလို့ မျက်နှာပျက်ပြီး တည်ငြိမ်သွားခဲ့တာလဲ… ငါ့ကိုကြောက်လန့်အောင် ခြောက်လှန့်လိုက်တာလား… ဘာလို့နင်ကပြောစရာရှိတာကို အကုန်လုံးဆက်မပြောရတာလဲ… သူကဘာတွေဖြစ်သွားတာတုန်း…..”
“ကျွန်တော်တို့က ရတနာတစ်ခုကိုကောက်ရသွားတယ်လို့ ပြောလို့ရတယ်… ဒီအကောင်ငယ်လေးမှာ နောက်ခံကြီးကြီးမားမားရှိနေတာပဲ…..” ယီယွမ်၏မျက်နှာတွင် စိတ်ပူနေသည့်အမူအရာများမရှိတော့ဘဲ ပို၍စိတ်လှုပ်ရှားလာခဲ့သည့် အမူအရာမျိုးရှိနေခဲ့၏။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...