Chapter 184

1.8K 207 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၁၆ )

Chapter-184

နီးကပ်လာသောပုဂ္ဂိုလ်က အလွန်အစွမ်းထက်သော အော်ရာတစ်ခုကို ရည်ရွယ်ချက်ရှိရှိ ထုတ်လွှတ်နေသည်မှာ သိသာလှပေ၏။ ရည်ရွယ်ချက်မှာ အခြားလူကို အညံ့ခံသွားစေရန် ဖြစ်ပေလိမ့်မည်။

ကျီးကန်းနက်အဖိုးကြီးက အစွမ်းထက်လွန်းသည်ဖြစ်၍ အထဲမှာရှိသူ မည်သူဆိုခြင်းကို လုံးဝဂရုမစိုက်ပေ။ ထိုနည်းတူပင် သူကအထဲမှလူကိုရှာတွေ့သည်နှင့် ရလဒ်ကလည်း သေခြင်းတရားပင်ဖြစ်ပေမည်။

ဤအရာက သူ၏ကိုယ်ပိုင်ခွန်အားနှင့် စွမ်းရည်ကို အလွန်အမင်း ယုံကြည်နေ၍ ဖြစ်သည်။

“သူခိုးလေး မင်းဘယ်ကနေခိုးပြီးဝင်လာတာလဲ… ဒီအဖိုးကြီးရဲ့ လုပ်ငန်းကို ဝင်ရှုပ်ရဲတယ်ပေါ့… မြန်မြန်ထွက်သွားစမ်း… ဒါဆိုရင်ငါမင်းအသက်ကို ချမ်းသာပေးမယ်… ဒီလိုမှမဟုတ်ရင် ဒီအဖိုးကြီးက မင်းရဲ့စိတ်ဝိညာဉ်ကို ဆွဲထုတ်ပြီး မင်းရဲ့အရိုးတွေကို သန့်စင်ပစ်လိုက်မယ်…..”

ကျီးကန်းနက်အဖိုးကြီး၏ ဒေါသတကြီးအော်ဟစ်သံက အလွန်အစွမ်းထက်သော ထွင်းဖောက်သွားနိုင်သည့် ခွန်အားများပါဝင်နေခဲ့ကာ မြေအောင်လိုဏ်ဂူတစ်ခုလုံးသို့ ချက်ချင်းဝင်ရောက်ပျံ့နှံ့သွားခဲ့၏။

ကျီးကန်းနက်အဖိုးကြီး၏ အသံကိုနားထောင်ကြည့်လျှင် ယခုအချိန်၌ သူမည်မျှ ဒေါသထွက်နေပြီဖြစ်ကြောင်း လူတိုင်းသိရှိနိုင်ပေသည်။

ကျီးကန်းနက်အဖိုးကြီးက ဤမျှဒေါသထွက်နေရခြင်းမှာ ရတနာ၏အငွေ့အသက်လှိုင်းလုံးများက အလွန်အမင်းသေးငယ်လာခြင်းကို ခံစားခဲ့ရ၍ ဖြစ်သည်။ ထိုရတနာကို အခြားတစ်စုံတစ်ယောက်က ယူဆောင်သွားတော့မည်ဖြစ်ကြောင်း ထင်ရှားနေခြင်းဖြစ်၏။

လက်ရှိအချိန်တွင် သူ၏အမြန်နှုန်းကို အမြန်ဆုံးအခြေအနေသို့ တင်လိုက်ပြီဖြစ်သော်လည်း သူကထိုနေရာသို့ ချက်ချင်းရောက်ရှိနိုင်စွမ်းမရှိပေရာ သူကတစ်ဖက်လူကို သတိပေးရန်အတွက် ခြိမ်းခြောက်ပြောဆိုလိုက်ခြင်းဖြစ်သည်။

 ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Where stories live. Discover now