Chapter 128

2.7K 359 2
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ်(11)

Chapter-128

လျူယူရှီ၏ မျက်လုံးများက ငေးငိုင်ပြီး တောက်ပခြင်းမရှိတော့ရာ လူသေကောင်တစ်ယောက် လမ်းလျှောက်လာသည်နှင့် တူလှပေသည်။

စူးယူဘိုင် က သက်ပြင်းတစ်ချက်ချ၍ သူမကို မေးမြန်းလိုက်၏။ “လျူယူရှီ ငါ မင်းကို မေးပါရစေ...မင်းက လင်ထန်းချန် ကို ယီယွမ်ရဲ့ အစေခံမလေး လျူအာ
ကို နှိပ်စက်ဖို့ သွေးထိုးခဲ့တယ်လို့ ယီယွမ်က ပြောခဲ့တယ်...အဲဒီကိစ္စက တကယ်လား…..”

စူးယူဘိူင်က သူမကို မေးမြန်းလိုက်ချိန်တွင် လျူယူရှီက အပြုအမူအချို့ ပြုလုပ်ရန် ပြင်ဆင်လိုက်၏။ထို အပြုအမူက တော်တော်ကလေးပင် အားနည်းနေခဲ့သည်။

လျူယူရှီက အချိန်အတော်ကြာမှသာ စက်ရုပ်တစ်ခုသဖွယ် ပြန်ဖြေလိုက်၏။

“ဟုတ်ကဲ့…..”

စူးယူဘိုင်၏ မျက်နှာက နက်မှောင်သွားခဲ့ပြီး ဆက်၍ မေးမြန်းလိုက်သည်။
“ ဘာလို့ မင်းက ယီယွမ်ရဲ့ အစေခံမလေးကို နှိပ်စက်ဖို့ သွေးထိုးခဲ့တာလဲ…..”

“ဘာလို့လဲဆိုတော့ ကျွန်မက သူ့ကို သေစေလောက်တဲ့အထိ ဖြစ်စေခဲ့လို့ အနာဂတ်မှာ သူက ပြန်ပြီးလက်စားချေမှာကို ကြောက်လို့ပါ...ဒါကြောင့် ကျွန်မက သူ့ကို ရင်ဆိုင်ဖို့ နည်းလမ်းများစွာကို အသုံးပြုနေခဲ့တာ...လင်ထန်းချန် ရဲ့ ခွန်အားက မြေကမ္ဘာအဆင့် ကျောင်းသားတွေကြားထဲမှာ အမြင့်ဆုံးလို့ ပြောလို့ရတယ်လေ...သူက စိတ်ထဲမှာ ယီယွမ် ကို မုန်းတီးနေပြီးသားလေ...ကျွန်မက ယီယွမ် ရဲ့ အစေခံမလေး ကို ထိခိုက်အောင်လုပ်ဖို့ပဲ သွေးထိုးပေးခဲ့တာ...ယီယွမ်က သေချာပေါက် လင်ထန်းချန် ကို သွားရှာမှာပဲ...အဲဒီအခါကျရင် ယီယွမ် ကို ရင်ဆိုင်ဖို့ ကျွန်မက လင်ထန်းချန် ရဲ့ လက်ကို ငှါးပြီး အသုံးပြုနိုင်မှာပဲ…..” လျူယူရှီက ဆည်ကြီးထဲမှ ရေဖွင့်ချလိုက်သကဲ့သို့ အရာအားလုံး ကို ဝန်ခံလိုက်၏။

စူးယူဘိုင်၏ မျက်နှာက တဖြည်းဖြည်း မြင်မကောင်း ရှုမကောင်းအောင် ဖြစ်လာခဲ့၏။ သူက ရလဒ် ကို ဤအတိုင်းဖြစ်မည်ဟု ကြိုတင်မျှော်လင့်ထားခဲ့သော်လည်း လျူယူရှီက ကိုယ်တိုင်ဝန်ခံသည်ကို ကြားရသော် သူက အသက်ရှူကြပ်သလို ခံစားလိုက်ရသည်။

 ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Where stories live. Discover now