Chapter 199

5.5K 302 19
                                    

Chapter-199

ရွယ်ချိန်၏မျက်လုံးများတွင် အေးစက်စက်အလင်းရောင်တစ်ချက် ဖြတ်ပြေးသွားခဲ့သည်။

ယီယွမ်ကသူ့ကို မကြာခဏ မချေမငံပြောဆိုနေခဲ့၍ သူကအမှန်တကယ်ပင် ဒေါသထွက်လာခဲ့သည်မှာ သိသာလှပေ၏။

ရွယ်ချိန်၏ အဆင့်အတန်းက အဖွဲ့တွင် နိမ့်ကျခြင်းမရှိပေ။ တပည့်များက သူ့အားမြင်တွေ့ရချိန်တွင် ပို၍လေးစားစွာဆက်ဆံရလေ့ရှိသည်။ တစ်စုံတစ်ယောက်က သူ့အားမည်သည့်အချိန်တွင် ဤသို့မလေးမစားဆက်ဆံရဲမည်နည်း။

လက်ရှိအချိန်၌ ယီယွမ်က အဖွဲ့ထဲသို့ပင် ဝင်ရောက်ရခြင်းမရှိသေးပေ။ အကယ်၍ ယီယွမ်ကသာ အဖွဲ့ထဲသို့ဝင်ရောက်လာပါက မည်သို့ဖြစ်ပျက်သွားမည်နည်း။

သို့သော်လည်း သူကသူ့ကိုယ်သူပြန်စဉ်းစားကြည့်မိခြင်းမရှိပေ။ ပထမဦးဆုံး သူကယီယွမ်ကို ရန်စလိုက်ခြင်းဖြစ်ပေ၏။

“ဟားဟား… ကောင်းတယ်… တော်တော်လေးကောင်းတယ်… ယီယွမ် အခုမင်းရဲ့ကျင့်စဉ်အဆင့်အရဆိုရင် မင်းကသိုင်းပညာခန်းမကို ဝင်ရောက်တဲ့အခါ အောက်ဆုံးအဆင့်မှာပဲ သေချာပေါက်ရှိလိမ့်မယ်… ဒါပေမဲ့ မင်းရဲ့မှော်ဆေးပညာလမ်းကြောင်း အရည်အချင်းက မဆိုးဘူး… တကယ်လို့များ မင်းကဆေးလုံးခန်းမကို ဝင်ရောက်မယ်ဆိုရင် အတွင်းစည်းတပည့်ဖြစ်လာဖို့ အခွင့်အရေးရရှိနိုင်တယ်… ဒါပေမဲ့ ငါမင်းကို တစ်စုံတစ်ခုမပြောလိုက်မိမှာ စိုးရိမ်မိတယ်… အဖွဲ့မှာ ငါ့ရဲ့ရာထူးက ဆေးလုံးခန်းမ အကြီးအကဲတစ်ယောက်ပဲ…..”

ရွယ်ချိန်၏စကားများက ဗြောင်ကျကျပင် ခြိမ်းခြောက်လိုက်ခြင်းဖြစ်သည်။

သူ၏စကားများ အဓိပ္ပါယ်မှာ အလွန်ရှင်းလင်းပေ၏။

မင်းကအဖွဲ့ထဲကို ဝင်ရောက်လာပြီဆိုရင် မင်းကငါ့လက်ထဲမရောက်အောင် သေသေချာချာ ဂရုစိုက်ထား…..

ပုံမှန်အားဖြင့် ယီယွမ်၏ အဆင့်(2)စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ် ကျင့်စဉ်အဆင့်ဖြင့် အကယ်၍သူက သိုင်းပညာခန်းမအတွင်းသို့ ဝင်ရောက်လျှင် အပြင်စည်းတပည့်အဖြစ်သာ ရှိနေဦးမည်ဖြစ်သည်။ ထိုအချိန်၌ ရွယ်ချိန်အလိုရှိသည့်အချိန်တိုင်း သူ၏စကားတစ်ခွန်းဖြင့် ဒူးထောက်စေရန်မှာ ပြဿနာတစ်ခုမဟုတ်တော့ပေ။

You've reached the end of published parts.

⏰ Last updated: Jul 18, 2020 ⏰

Add this story to your Library to get notified about new parts!

 ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Where stories live. Discover now