ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ -ဖြိုးသူဝင်း
Chapter 48
ယီယွမ်သက်ပြင်းတစ်ချက် ရှိုက်လိုက်မိ၏။မေးခွန်းများဖြေကြားရခြင်းသည် သူ့အတွက် "ဆေးဖက်ဝင်ပစ္စည်းအထွေထွေစာအုပ်"ကို ဆယ်ကြိမ်ပြန်ကူးရခြင်းထက် ပို၍ ကောင်းမွန်ပေသည်။
ဆေးပညာသီအိုရီများတွင် မည်သူက သူနှင့်ယှဉ်ပြိုင်နိုင်မည်နည်း???
"အဲ့ဒါကောင်းပါတယ်.....ဆရာမဖိန် ကျေးဇူးပြုပြီးတော့ မေးခွန်းမေးပေးပါနော်....."
ယီယွမ်စိတ်အားထက်သန်နေသည်ကို ကြည့်၍ ဖိန်လျှိုချင် ဒေါသထွက်သွားပြီး သူမ၏ စိတ်ထဲတွင် ယီယွမ်က မေးခွန်းကြားလိုက်ပါက ငိုသွားလိမ့်မည်ဟု တွေးနေမိ၏။
ဖိန်လျှိုချင် က ညစ်ကျယ်ကျယ်အပြုံးတစ်ခုပြုံးလိုက်သည်။"ချီစွမ်းအင်ပြန်လည်ကုစားဆေးလုံး မှာ ဘာဆေးဖက်ဝင်ပစ္စည်းတွေ သုံးထားလဲ???ဆေးလုံးဖော်စပ်သန့်စင်တဲ့နေရာမှာ ဘယ်အဆင့်တွေပါတာလဲ???"
ဖိန်လျှိုချင် က ထိုမေးခွန်းကို အသက်တစ်ကြိမ်ရှူ သွင်းချိန် အတွင်းမေးလိုက်ပြီး ယီယွမ်ကို အေးစက်စွာ ကြည့်လိုက်၏။
အခြားကျောင်းသားများမှာ ယီယွမ်၏ ကံဆိုးမှုကို သနားနေကြသည်။ယီယွမ်က သူ့ဒုက္ခ သူရှာနေခြင်း ဖြစ်ကြောင်း အားလုံးက သိရှိနေခဲ့သည်။
"ချီစွမ်းအင်ပြန်လည်ကုစားဆေးလုံး"သည် အဆင့်(1)အဆင့်မြင့်အဆင့် ဆေးလုံးဖြစ်ပြီး သိုင်းပညာရှင်များက သူတို့်၏ ကုန်ဆုံးသွားသော ကိုယ်တွင်းစွမ်းအင်များကို ပြန်လည်ဖြည့်တင်းရန် အသုံးပြုလေ့ရှိကြ၏။ထိုဆေးကိုဖော်စပ်သန့်စင်ရန်မှာ အနည်းဆုံး အဆင့်မြင့်အဆင့် မှော်ဆေးပညာရှင်အလုပ်သင် တစ်ဦးဖြစ်ရန်လိုသည်။ယီယွမ်က မှော်ဆေးပညာရှင်အလုပ်သင် ပင် မဖြစ်သေး၍ ထိုမေးခွန်းက စိန်ခေါ်မှု မြင့်မားသည့်မေးခွန်းဖြစ်၏။
ထိုမေးခွန်းကို ယီယွမ်ဖြေဆိုနိုင်မည်ဟု တစ်ဦးတစ်ယောက်မှ ထင်မြင်ချင်းမရှိပေ။
ယီယွမ်က သူ၏မေးစေ့ကို ကိုင်၍ ပြောလိုက်သည်။"အိုး!!!ချီစွမ်းအင်ပြန်လည်ကုစားဆေးလုံးလား???လွယ်လိုက်တာ.....အဓိက လိုအပ်တာတွေက ကျောက်စိမ်းဖားပြုပ်ရဲ့ အမြုတေနဲ့ ကြက်သွေးရောင်နေဓားသွားပန်း ပဲ....ဒုတိယပါဝင်တဲ့ပစ္စည်းတွေက လေးရာသီအဇူရာပန်း၊လေမြီးမြက်ပင်၊တောင်ကောင်းကင်ကြယ် စတဲ့ဟာတွေ.....ဒီလုပ်ငန်းကိုတော့ နည်းနည်းအာရုံစိုက်ရမယ်....ဒုတိယပါဝင်ပစ္စည်းတွေကို နှစ်မျိုးခွဲရမယ်....တစ်မျိုးက ကျောက်စိမ်းဖားပြုပ်ရဲ့ အမြုတေနဲ့ပေါင်းရမယ်....နောက်တစ်မျိုးကို ကြက်သွေးရောင်နေဓားသွားပန်း နဲ့ ပေါင်းစပ်ရမယ်....ထွက်လာတဲ့ ဆေးစွမ်းအင်နှစ်ခုကို တစ်ချိန်တည်းမှာ သန့်စင်ပြီး တစ်ခုထဲအဖြစ် ပေါင်းစပ်ရမယ်....."
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...