ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ -ဖြိုးသူဝင်း
Chapter 63
“ ကောင်းပါပြီ...ကျွန်မ သွားလိုက်မယ်...ကျွန်မ သေချာပေါက် သွားပြီး အဲဒီလူကြီးလူကောင်းကို ကျွန်မရဲ့ အမှားတွေ အတွက် ဗွေမယူဖို့ သွားပြီး တောင်းပန်လိုက်မယ်နော်...ဟုတ်ပြီလား ဒေါ်လေး…..” ဖိန်လျှိုချင် က ရွေးချယ်စရာမရှိတော့၍ သဘောတူရန်သာ တတ်နိုင်ခဲ့သည်။
“ဒီလိုဆို ပိုကောင်းတယ်...အာ ဟုတ်သားပဲ… နင်က ငါ့ကို ရုတ်တရက်ကြီး ဘာလို့ လာရှာတာလဲ…..” သူမ၏ တူမလေး က အကယ်ဒမီတွင် သူမအား အမြဲတမ်း ရှောင်ပြေးနေခဲ့၏။ယနေ့ သူမကို လာရှာခြင်းက ကိစ္စအချို့ ရှိ၍ ဖြစ်ပေလိမ့်မည်။
“အားလားလား...ဒေါ်လေးကသာ သတိမပေးရင် ကျွန်မ မေ့သွားတော့မလို့...ဒီလိုတွေဖြစ်လာတာ ဒေါ်လေးကြောင့်ပဲ…..” ဖိန်ဇီရိုက ရုတ်တရက် သတိရသွားခဲ့သည်။
". . . . . ."
“အမှန်တကယ်က ကျွန်မက ဒေါ်လေးကို လာနှုတ်ဆက်တာ...ဒီငါးရက်အတွင်း မှော်ဆေးပညာရှင်မာစတာစာမေးပွဲ ဖြေဆိုဖို့ မြို့တော်ကို ပြန်တော့မယ်...စာမေးပွဲအောင်ပြီဆိုရင် ကျွန်မက ဒေါ်လေးလိုပဲ မှော်ဆေးပညာရှင်မာစတာ တစ်ယောက် ဖြစ်သွားတော့မှာ…..”ဖိန်ဇီရိုက ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုလိုက်၏။
“ဘယ်လိုနည်းနဲ့ မှော်ဆေးပညာရှင်မာစတာ တစ်ယောက် ဖြစ်ချင်တာလဲ...နင်အောင်ပြီးမှ ပြန်ပြောကြတာပေါ့…..”ဖိန်လျှိုချင် က တုံ့ဆိုင်းခြင်း မရှိဘဲ စနောက်လိုက်၏။
မှော်ဆေးပညာရှင် တစ်ယောက်ဖြစ်လာရန်မှာ သိုင်းပညာရှင်တစ်ယောက်နှင့် ခြားနားစွာ လျှောက်လှမ်းရ၏။ မှော်ဆေးပညာရှင်မာစတာ တစ်ယောက်ဖြစ်ရန် ပထမဆုံးလိုအပ်ချက်မှာ စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ် အဆင့်သို့ ရောက်ရှိနေရန်လိုအပ်ပေ၏။သို့သော် စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ် အဆင့်သို့ ရောက်ရှိတိုင်း မှော်ဆေးပညာရှင်မာစတာတစ်ယောက် ဖြစ်လာမည်ဟု ပြော၍ မရပေ။
ဖိန်ဇီရိုက အစောကတည်းကပင် စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ် သို့ ရောက်ရှိနေသည့်အပြင် သူမက မှော်ဆေးပညာလမ်းစဉ်၏ ထိပ်ဆုံးသုံးဦး တွင် ပါဝင်နေသည့်တိုင် သူမက မှော်ဆေးပညာရှင်မာစတာ စာမေးပွဲ ကို အောင်မြင်ခြင်းမရှိသေးပေ။ထိုသည်ကို ကြည့်၍ မှော်ဆေးပညာရှင်မာစတာ ဟူသော ဂုဏ်ပုဒ် ကို ရရှိရန် မည်သို့ ခက်ခဲကြောင်း သိနိုင်ပေသည်။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...