Chapter 74

3.3K 463 5
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ်(7)

Chapter-74

“ ဒါက ပို၍အဆင့်မြင့်သောအဆင့် ရောက်လုနီးပါးဖြစ်တဲ့ အရာဝတ္ထုများကိုဖျက်ဆီးခြင်းဆေးလုံး ပဲ…..” ဝမ်ဂျင်ဖူက အံ့အားတကြီး ပြောဆိုလိုက်သည်။

“ ငါကြည့်ဦးမယ်...အမ်...တကယ်ပဲဟ...အရာဝတ္ထုများကိုဖျက်ဆီးခြင်းဆေးလုံး က ကြည်လင်ပြတ်သားခြင်းဆေးလုံး နဲ့ ကြမ်းကြုတ်သောကျားဆေးလုံး တို့နဲ့ အဆင့်တူတူပဲ ဆိုပေမဲ့ ဖော်စပ်နည်းကတော့ ပိုပြီး ခက်ခဲတယ်...တူလေးဝမ်က ပို၍အဆင့်မြင့်သောဆေးလုံးအဆင့်ကို ရောက်လုနီးပါးဖြစ်တဲ့ ဆေးလုံးကို တကယ်ဖော်စပ်နိုင်ခဲ့တာပဲ…..” စွန်းဂျိန်မင်က ဆေးလုံးကို တစ်ချက်ကြည့်လိုက်ပြီး ထိုဆေးက ပို၍အဆင့်မြင့်သောအဆင့် ရောက်လုနီးပါးဖြစ်နေသော အရာဝတ္ထုများကိုဖျက်ဆီးခြင်းဆေးလုံး ဖြစ်၏။

ဝမ်ဂျင်ဖူနှင့် စွန်းဂျိန်မင်တို့၏ မျက်နှာပေါ်မှ အံ့အားသင့်မှုကို ကြည့်၍ ဝမ်ယွမ်က သူ့ကိုယ်သူ ဂုဏ်ယူနေခဲ့သည်။

“ ဒီတူလေးက ကံကောင်းသွားတာပါ...ကျွန်တော်က ဒီလို ပို၍အဆင့်မြင့်သောအဆင့် ရောက်လုနီးပါးဖြစ်နေတဲ့ ဆေးလုံး ကို ဒီနေ့ ဖော်စပ်နိုင်မယ်လို့ မျှော်လင့်မထားခဲ့ပါဘူး…..” ဝမ်ယွမ်၏ စကားများက ရိုးရိုးသားသားပင် ဖြစ်သော်လည်း သူ၏ မျက်နှာပေါ်မှ အပြုံးကို ဖုံးကွယ်ထားနိုင်ခြင်းမရှိပေ။ သူ့ကိုယ်သူ “ဂျူနီယာ” ဟု သုံးနှုန်းနေရာမှ “ တူလေး” ဟု ပြောင်း၍ သုံးစွဲလိုက်သည်။

ဝမ်ဂျင်ဖူက ဝမ်ယွမ်ကို လေးလေးနက်နက်ကြည့်လိုက်ပြီး သက်ပြင်းချခဲ့၏။ “ တူလေးက အလွန် ရိုးသားတာပဲ...မင်းရဲ့ မှော်ဆေးပညာစွမ်းရည်တွေက ချင်နိုင်ငံရဲ့ လူငယ်မျိုးဆက်တွေထဲမှာ နံပါတ်တစ်ပဲ...မင်းက အစ်ကိုဝမ်ရဲ့ သားမဟုတ်ဘူးဆိုရင် ဒီအဖိုးကြီး က မင်းကို တပည့်အဖြစ် လက်ခံလိုက်တော့မှာ…..”!

ဝမ်ယွမ်က အလွန်ဝမ်းသာသွားခဲ့၏။ ထိုဟာက မှော်ဆေးပညာရှင်အစည်းအရုံး၏ လက်ထောက်အကြီးအကဲက အသိအမှတ်ပြုမှုကို ခံရခြင်းဖြစ်သည်။

 ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Where stories live. Discover now