Chapter 2

11K 810 3
                                    


ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ -ဖြိုးသူဝင်း

Chapter - 2

ဆေးသောက်ခြင်းသည် ယီဟန်၏ဆေး ကောင်းမွန်ထိရောက်၍ မဟုတ်ဘဲ ယီယွမ်၏ အခြေအနေ အလွန် ဆိုး နေ၍ ဖြစ်သည်။

ယီဟန်ဆေးက ဘေးထွက်ဆိုးကျိုးရှိသော်လည်းယီယွမ် ဂရုမစိုက်နိုင်တော့ပေ။ယခုအချိန်တွင် သူ၏ ခန္ဓာကိုယ်ရှိ ရောဂါဝေဒနာ သက်သာရန် ပို၍ အရေးကြီး၏။ထိုအဆိပ်ဖြေဆေး၏ ဘေးထွက်ဆိုးကျိုး များကို ဖယ်ရှားပစ်ရန် ယီယွမ်၌ နည်းလမ်းများစွာရှိပေသည်။

ယခုခန္ဓာကိုယ်ကို ရရှိပြီးကတည်းက ကြီးမြတ်သော ဆေးပညာရှင်ဧကရာဇ် ချွင်ယန်ဇီ သည် သူ၏မူလ ပုံစံကိုပြသရန်စိတ်ကူးမရှိခဲ့ပေ။

ဂုဏ်သရေရှိ မိသားစုတွင် မွေးဖွားသော်လည်း ထိုအမှိုက်လိုကောင်(ယီယွမ်)သည် ဒုတိယအဆင့် ချီစွမ်းအင် သို့ပင် မရောက်ရှိခဲ့ပေ။သာမန်မိသားစုမှ မွေးဖွားလာပြီး သူကဲ့သို့ ချီစုစည်းမှု  ဆေးလုံးများကို အမြဲ မှီဝဲနေရသူ တစ်ယောက်သည် ချီစွမ်းအင် အဆင့်လေးနှင့် အထက်သို့ပင် ရောက်ရှိနိုင်သည်။

ထိုခန္ဓာကိုယ် အခြေအနေဖြင့် ပြင်းထန်သော အဆိပ်ကို ရင်ဆိုင်ခဲ့ရ၍ ယီယွမ်၏ သေဆုံးခြင်းမှာ အံ့ သြ စရာ မရှိပေ။ချွင်ယန်ဇီကား ယခုအချိန်၌ ဤခန္ဓာကိုယ်အတွင်း ဝင်ရောက်လာသော်လည်း မည်သည့်အရာမျှ မပြုလုပ်နိုင်သေးဘဲ တစ်ဆင့်ပြီး တစ်ဆင့် ကြိုးစားလုပ်ဆောင်ရတော့ပေမည်။

တစ်ခြားသူများ၏ မျက်လုံးထဲ ၌ ဆေးလုံးယူလိုက်သော အပြုအမူမှာ ယီယွမ်၏ အစစ်အမှန် ပုံသဏ္ဍာန်ဖြစ်သည်။ယီဟန်က ဝံ့ ကြွားစွာ ပြုံးလိုက်ပြီး ပြောလိုက်၏။
"မင်း ဟန်ဆောင်နေမှန်း ငါသိပါတယ်....မင်းက ငါ့ကို ခဏလောက် ထိတ်လန့်သွားစေခဲ့တာပဲ..... "

ယီဟန်က တစ်ခုခုမှားနေသည်ဟု ထင်လိုက်၏။ဤကောင်ဆိုးလေးကား ဆေးဖော်မြူလာကို တိတိကျကျ သိခဲ့ပြီး အဆိပ်ဖြေဆေးဖော်စပ်ခြင်း အကြောင်းဆွေးနွေးခဲ့သည်။ထိုသည်မှာ ဆေးအကြောင်းသိ၍လား(သို့မဟုတ်)တစ်ခြားအကြောင်းအရာမရှိဘဲ ဟာသလုပ်ခြင်းပေလော။

 ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Where stories live. Discover now