Chapter 34

4.1K 500 1
                                    


ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ -ဖြိုးသူဝင်း

Chapter 34

ဝမ်ယွမ် သည် ကလေးဘဝကတည်းက ယီယွမ် နှင့် အမြဲယှဉ်ပြိုင်နေခဲ့ခြင်းကြောင့် ယီယွမ်၏ အကြောင်းကို အသိရှိဆုံး ဖြစ်ရာ လျူယူရှီ ၏ စကားများက ပို၍ အခြေအမြစ် ရှိကြောင်း နားလည်ခဲ့သည်။

"ဂိုဏ်းတူအကိုကြီး ဝမ် က အစိုးရိမ်လွန်နေတာပဲ.... ကျမကြည့်ရသလောက် ယီယွမ်က လျှပ်တစ်ပြက်အလင်းကို မတော်တဆ ကျင့်ခဲ့တာထင်တယ်....သူရွေ့လျားနိုင်တာက ဒီလောက်အထိပဲနေမှာပါ....ဒီလိုမှမဟုတ်ရင် သူက ကျမ်းစာဆောင်မှာ ဘာလို့ အချိန်ကုန်ခံနေမှာလဲ???ဂိုဏ်းတူအကိုကြီးဝမ်က ဂရုမစိုက်ဘဲနေတဲ့အချိန်ဖြစ်နေပြီး ခွန်အားအပြည့်သုံးတာမဟုတ်လို့ သူက ထွက်ပြေးသွားနိုင်တာ....."လျှပ်တစ်ပြက်အလင်း"ပညာရပ်က အံ့ အားသင့်စရာကောင်းပေမယ့် အဆင့်(1)
အလယ်အလတ်အဆင့် သိုင်းပညာရပ်လေးတစ်ခုသာဖြစ်ပြီး အဲ့ဒါက သူများတွေကို လွှမ်းမိုးနိုင်တဲ့ ပညာရပ်မဟုတ်ဘူးလေ...."လျူယူရှီ က မှင်သက်နေရာမှ သတိပြန်ဝင်လာခဲ့ပြီး သူမ၏ မူလပုံစံဖြစ်သော"စိတ်တန်ခိုးညှို့  ယူခြင်းနတ်ဘုရားမ"အဖြစ်သို့ ပြန်လည်ပြောင်းလဲသွားခဲ့၏။

ဝမ်ယွမ်သည် လျုယူရှီကို တပ်မက်စွဲလန်းနေသည်မှာ ကြာလှပြီဖြစ်၏။လျူယူရှီက သူ့အားရင်းနှီးစွာဆက်ဆံခြင်းက သူ့အား သာယာကျေနပ်မှုကို ပေးစွမ်းပေသည်။ယခု သူ၏ ခွန်အား အစစ်အမှန်ကို အသုံးမပြုဘဲ ခွန်အား၏ 70%ခန့်သာ အသုံးပြုခဲ့၍ ယီယွမ်က အလွယ်တကူ ရှောင်တိမ်းသွားနိုင်ခဲ့ခြင်းပင်။

သို့ရာတွင် ခွန်အားက အောင်မြင်မှု၏ သော့ချက်ဖြစ်သည်။ရွေ့လျားမှုပညာရပ်များကား အရန်ပညာရပ်များဖြစ်ကြ၏။လျူယူရှီ၏ စကားများ မှန်ကန်ပေသည်။"လျှပ်တစ်ပြက်အလင်း"က စွမ်အားအကြီးမားဆုံးပညာရပ်မဟုတ်ပေ။ထိုပညာကို တိုက်ခိုက်နိုင်ရန် ပညာရပ်အချို့ ရှိနေပေသည်။

ယီယွမ်၏ ထိုလှုပ်ရှားမှုက ဝမ်ယွမ်ကို သတိပေးသလိုဖြစ်သွားခဲ့၏။သူက ပြန်သွား၍ ဖိန်ချင်းပေါင်အား သူ၏ပြိုင်ဘက်ကို အထင်မသေးရန် သတိပေးရပေမည်။

 ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Where stories live. Discover now